• Final Episode ♡

1.6K 164 28
                                    

unicode -

" မင်... တံခါးဖွင့်ပေးလို့ မင်! "

" မဖွင့်ဘူး တစ်လမ်းလုံးလိုက်စတဲ့
လူယုတ်မာကြီး ဒီညအပြင်မှာအိပ် "

ဟိုတယ်အခန်းတံခါးကို ကြားခံကာ
အခန်းတွင်းမှ jimin တစ်ယောက် သူ့အပိုင်အား
စနောက်ရ၍ တဝကြီးသဘောကျနေတော့သည်။

" မင့်ကို ကိုယ်ဘာမှမလုပ်ဘူးလေ ဖွင့်ပေးနော် "

" ဘာမှမလုပ်တာများ ဘာလို့ဝင်ချင်သေးလဲ
အခန်းပြင်မှာပဲ အိပ်လိုက်လေနော် "

သိသိနှင့် တမင်စနေသော jimin မှာ မထင်ရအောင်
ပြောရဆိုရခက်၍ min yoongi တို့ ဇောချွေးပါပျံ
ချင်လာသည်။ étretat ပင်လယ်ဆီ အပေါ်စီးမှ
ငေးကြည့်လို့ရစေရန် ဈေးကြီးဇိမ်ခံဟိုတယ်ငှား
လာသည်က ယခုလို အပြင်ထွက်နေရဖို့လား မသိ။
တစ်လမ်းလုံး စိတ်ဆိုးပြေချင်ဟန်ဆောင်ကာ
‌ယခုမှ လက်စားထချေသည့် ကောင်စုတ်လေးမှာ
သိပ်ကိုစိတ်ကျေနပ်ဟန်ဖြင့် တခစ်ခစ်ရယ်နေပြန်ပြီ။

" မင် ကိုယ်ဝင်လာမှ ကိုယ့်အဆိုးမဆိုနဲ့နော် "

" ရအောင်ဝင်လေ ဝင်လို့ရမလားပေါ့ "

တစ်လမ်းလုံးစိတ်ကြိုက် စ လာတဲ့ လူယုတ်မာကြီး
ပြန်အစခံရတော့ ဘယ်လိုလဲသိချင်မိသား။
သူဘယ်လိုမှဝင်လို့မရအောင် သော့ခတ်ထားတာမို့
မင်္ဂလာဦးညလေးကိုတော့ ပင်လယ်ကြီးရယ်
ကျွန်တော်ရယ်ပဲ ဖြတ်သန်းလိုက်ပါတော့မယ်။
လူယုတ်မာကြီးကတော့ စင်္ကြန်မှာအိပ်ပေါ့။

သဘောတကျရယ်မောကာ ဝိုင်အနည်းငယ်ကို
ငှဲ့ထည့်၍ ဝရံတာဆီလှမ်းထွက်လာလိုက်သည်။
မျက်စိတဆုံး လွင့်ကျင်နေသည့် ပင်လယ်ပြာမှာ
လှိုင်းလုံးများ ခြံရံလျက် ခမ်းနားလို့နေသည်။

" ဝိုင်လေးက တကယ်ရှယ်ပဲ လူယုတ်မာကြီးရေ
မင် တစ်ယောက်တည်းအဝသောက်ပြီနော် ! "

ဝရံတာနှင့် ဟိုတယ်အခန်းတံခါးမှာ အနည်းငယ်
လှမ်းနေ၍ သူကြားလောက်သည့် အသံအနေအထား
ဖြင့် လှမ်းအော်ပြောလိုက်သည်။ ယခုအချိန်လောက်ဆို
အခန်းပြင်မှာ ခုန်ဆွနေလောက်ရောပေါ့။

" ဝိုင်ထက် ကိုယ်ကပိုကောင်းတယ် ရှယ်ပဲ "

" ကို....ဘယ်လို? "

ʏᴏᴜʀ ᴍɪʀᴀᴄʟᴇ||𝚈𝙼✓Where stories live. Discover now