••27↬

1.1K 171 52
                                    

unicode -

" baby , မနက်စာမစားဘူးလား "

ဧည့်ခန်းတွင်းထိုင်ကာ စီးကရက်ရှိုက်နေသူကို
ချော့မြူသံနှင့်မေးနေသည်မှာ လူတိုင်းဖိန့်ဖိန့်တုန်
အောင်ကြောက်ရသည့် John ဖြစ်လိမ့်မည်ဟု
မည်သူကယုံပါမည်နည်း။

" ကျွန်တော် စိတ်ရှုပ်နေတယ် John "

ကောင်လေးမှာတော့ တစ်ဖက်သူအားလှည့်
ပင်မကြည့်။ စီးကရက်ငွေ့အချို့ကို လေးလေးပင်ပင်
မှုတ်ထုတ်ရင်း မှန်ပြတင်းတစ်ဖက်ဆီသို့ငေးနေလေသည်။

" ဒီမှာ baby , အမုန်းတွေပြိုင်တဲ့အခါမှာ စိတ်ထဲ
ထားမိနေတဲ့သူကသာ အရှုံးပဲ "

Jimin ဆီကဘာစကားသံမှထွက်မလာ။
မျက်ခွန်များမှေးစင်းကာ တစ်စိမ့်စိမ့်ပြာကျ
လာသော စီးကရက်တိုကိုသာ လက်ထိပ်ကြား၌
တွဲညှပ်ထားဆဲ။

" အစ်ကိုလေး၊ ဒီနေ့ London ကိုသွားမယ့်
flight မှာ Min Yoongi ပါ‌နေတယ်လို့သတင်း
ပေးလာပါတယ် "

" ဘာ! "

ငြိမ်းချမ်းခြင်းဆီကူးပြောင်းနေသည့် မျက်ဝန်း
များက တဖန်ပြန်ဖွင့်လာကာ ဒေါသမီးတို့ဖုံးလွှမ်း
ကုန်ပြန်လေပြီ။

" လေဆိပ်မှာသွားစောင့်နေ အဲ့ကောင်ဒီနိုင်ငံက
ခြေတစ်လှမ်းထွက်တာနဲ့ မင်းတို့အကုန်အသေပဲ "

" ခဏ... "
အမိန့်နာခံကာ ခေါင်းညိမ့်ပြ၍ ထွက်သွားဟန်
ပြင်နေသည့် Drigo မှာ Jimin ၏တားမြစ်သံ
ကြောင့် ခေတ္တရပ်တန့်သွား‌သည်။

" မသေစေနဲ့....လုံးဝ "

တိုနှံ့လာပြီဖြစ်သော စီးကရက်အဖြူကိုထပ်မံ
ဖွာရှိုက်ကာ ရှုခင်းတို့ကိုငေးနေသည့်ကောင်လေးငယ်။
ပူလောင်မှုအတိဖြင့် နွမ်းနယ်နေသည့်မျက်နှာထားဟန်
မှာခံစားချက်ပေါင်းစုံရောထွေးနေပုံ။

ထိုမြင်ကွင်းကို ဘေးတိုက်ရှုစားနေသူတစ်ဦး။
တစ်နည်းအားဖြင့် အချစ်ကြီးသည့်လူယုတ်မာ။

Baby ကပျော့ညံ့လွန်းလိုက်တာ။ တိုက်ပွဲဆိုတာ
အဲ့လိုတိုက်လို့ဘယ်ဖြစ်မလဲ....။

•♡•

" အဝတ်အစားတွေကတော့ ဟိုရောက်မှ
ဝယ်ရင်ဝယ်တော့ ခဏနေ check in ဝင်
ရတော့မယ်ထင်တယ် "

ʏᴏᴜʀ ᴍɪʀᴀᴄʟᴇ||𝚈𝙼✓Where stories live. Discover now