unicode -
တစ်ရိပ်ရိပ်ကုန်လွန်သွားသည့် အချိန်နာရီများ
နည်းတူ နေမင်းရောင်ခြည်တို့မှာလည်းအနောက်
ဘက်သို့ ဦးတည်စပြုလာလေပြီ။ ဧည့်ခန်းတွင်း
ဖွင့်ထားသည့်သံစဉ်ညှင်းညှင်းကြား၌ လွင့်မြော
နေရာမှ ညနေစာဝယ်ရန်ပြင်ရသည်။ ဆွေးမြေ့မြေ့
တိုက်ခန်းလှေကားအတိုင်းတိတ်ဆိတ်ခြင်းအတိဖြင့်
ဆင်းလာရင်း မသိလိုက်ပါပဲ တစ်စုံတစ်ခုကိုတမ်းတ
မိသေးသည်။ နေမဝင်သေးသည့်တိုင်အောင်
တိုက်အောက်လမ်းကြားမှာ လူချေတိတ်လျက်။
Yoongi သက်ပြင်းသာသာချ၍ တစ်ဖက်လမ်းရှိ
ကားဆီသို့သွားရန်ပြင်သည်။" ဒိုင်း "
ဟိန်းနေသည့် သေနတ်သံအဆုံး လက်မောင်းထက်
ဖောက်ဝင်လာသည့် ကျည်တောင့်မှာ အလုံးစုံသော
နာကျင်ခြင်းတို့နှင့်အတူ ခွေလဲကျစေသည်။
အသံကြားရာ မော့ကြည့်မိတော့ ဝတ်စုံအပြည့်ဖြင့်
သေနတ်သမားတစ်ဦး။ သူ့ဘေးရှိ ဝိုင်နီခွက်ဖြင့်သူ။
Park Jimin ။သေနတ်သမားမှာ ထပ်မံ၍ပစ်ခတ်ရန် ပြင်ချိန်
နေသည်ကို မြင်၍ လက်မောင်းကိုထိကာ ကားရှိရာ
သို့အပန်းတကြီးပြေးသွားရတော့သည်။ အမြန်နှုန်းဖြင့်
မောင်းထွက်သည့်တိုင် နောက်မှလိုက်ပါလာသော ကား
သုံးစီးခန့်မှာ အခွင့်ရသည့်အခေါက်တိုင်းဝင်တိုက်ဟန်
ပြင်နေကြသည်။ လက်မောင်းထက်မှတဆစ်ဆစ်နာကျင်
လာသော ဒဏ်ရာကိုပင်မမှုနိုင် အရှိန်ကိုမြန်သည်ထက်
အမြန်ဆုံးသို့ မြှင့်တင်မောင်းနှင်နေရသည်။မြို့ပြင်လမ်းမကျယ်ဆီထိ ဝေးနှင်လာပြီဖြစ်သော်လည်း
အရှိန်မလျှော့သော ကားလေးစီးမှာအပြိုင်အဆိုင်ဖြင့်။
အမုန့်တရားတို့မှာလည်း လျှော့တင်းခြင်းအလျင်းမရှိ။အဝေးဆီသို့ ပြေးလေပြေးလေ ပို၍ခြောက်ခြားစရာ
ကောင်းလာလေ။ အိမ်ခြေခြံမြေမရှိသည့် လမ်းမကျယ်
မှာ နေခြည်စပျောက်ကွယ်သွားသည်နှင့် မှောင်ရိပ်က
ကြီးစိုးလို့လာနေလေပြီ။မလှမ်းမကမ်း မြင်နေသည့်ဆိုင်းဘုတ်။ တစ်ဖက်မှ
တောင်တန်းရှည်တစ်ခု။ ကားလမ်းမဘေးကပ်ရပ်
ရှိညိုမြမြ ကွင်းပြင်ကျယ်ကြီး။
YOU ARE READING
ʏᴏᴜʀ ᴍɪʀᴀᴄʟᴇ||𝚈𝙼✓
Fanfiction" မင်းကို မမုန်းနိုင်လောက်တဲ့အထိ ချစ်တယ် မင် " " မင်းကို မမုန်းနိုင်လောက်တဲ့အထိ ချစ်တယ် မင် " unicode & zawgyi available ✨ • 𝟐𝟕𝐭𝐡 𝐌𝐚𝐲, 𝟐𝟎𝟐𝟎