ep 1

8.8K 315 3
                                    

"Wow သူဋ္ဌေးက ချောလိုက်တာ ခန့်ညားနေရောပဲ ဒါနဲ့ သူဋ္ဌေးဘေးကတစ်ယောက်ကဘယ်သူလဲ မသိဘူးနော် သူလည်း အရမ်းချောတာပဲ"
"အမလေး အဲ့ဒါ သူဋ္ဌေးအမျိုးသားလေ "
"ဟင် သူဋ္ဌေးက အိမ်ထောင်သည်လား"
"နင်က ဝန်ထမ်းအသစ်မို့လို့ မသိတာဖြစ်မယ် အဲ့ဒါက သူဋ္ဌေးအမျိုးသားလေ သူဋ္ဌေးက အရမ်းချစ်တာ ကျန်တာအားလုံးသည်းခံပြီး ဖော်ရွေတဲ့သူဋ္ဌေးက သူ့အမျိုးသားထိလို့ကတော့ ကြောက်စရာကောင်းတဲ့သူဖြစ်သွားတာ"
"အဲ့လောက်တောင်ပဲလား"
"ဟုတယ် သူဋ္ဌေးအမျိုးသားက မတော်တဆဖြစ်ပြီးအတိတ်မေ့နေတာလေ အဲ့ကြောင့် သူဋ္ဌေးက အမြဲအိမ်မှာပဲထားတာ ဒီနေ့တော့ ထူးထူးဆန်းဆန်း လိုက်လာတာပဲ"
"အဲ့ဒါဆို ​ခုထိ အတိတ်မေ့နေတုန်းပေါ့ "
"ဟုတယ် မတော်တဆဖြစ်ပြီး တစ်နှစ်နီးပါးလောက် ကိုမာ ဝင်သွားတာ ခုမှ သတိရလာတာ လေးငါးလလောက်ပဲရှိဦးမှာ အစတုန်းကဆို
သူဋ္ဌေးကိုတောင် ကောင်းကောင်းမမှတ်မိဘူးလို့ကြားတယ်"
"ဟယ် အဲ့လောက်တောင်လား"
"ဟုတယ် မတော်တဆဖြစ်တယ်လို့ကြားတုန်းကဆို သူဋ္ဌေးကအရမ်းကိုတုန်လှုပ်ခဲ့တာဆိုပဲဟ "
"အေးပေါ့လေ အရမ်းချစ်တာဆိုတော့ သူဋ္ဌေးတော်တော်လန့်သွားမှာပေါ့"
"ဟုတယ် တော်ပါသေးတယ် ခုလို တူတူတွဲတွေ့ရလို့"
"ဟုပ အရမ်းလိုက်ဖက်လိုက်တာ"

"အူကြူး ကိုယ်အစည်းအဝေးရှိလို့ သွားလိုက်ဦးမယ် ဒီမှာနေခဲ့မလား ကိုယ်နဲ့အစည်းအဝေးခန်းထဲလိုက်မလား"
"ရတယ် ကိုကို ကျွန်တော် ဒီမှာပဲနေခဲ့မယ်"
"လိုက်ခဲ့ပါ့လား အူကြူးရယ် ကိုကို စိတ်မချဘူး"
"ပျင်းစရာကြီး မလိုက်ချင်ပါဘူး ကိုကိုစိတ်ချ ကျွန်တော်ဘယ်မှမသွားပဲ ဒီတိုင်းထိုင်စောင့်နေပါ့မယ်"
"အင်း ဒါဆို ကိုယ်ပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မယ် တခုခုလိုအပ်တာရှိရင် ကျန်းချန်ကို ပြောလိုက် သူအကုန်လုပ်ပေးလိမ့်မယ်"
"ဟုကဲ့ ကိုကို သွားတော့လေ နောက်ကျနေလိမ့်မယ်"
"အင်း "

ကိုကို့ company ကအကြီးကြီးပဲ တကယ်ကိုမိုက်တယ် ကျွန်တော်က တော်ရုံ company ကိုလိုက်မလာတတ်ဘူးလေ ကျန်းမာရေးသိပ်မကောင်းတာလည်းပါတာပေါ့ ဒီနေ့တောင် ကိုကို့ကို အတင်းတောင်းဆိုလို့ ခေါ်လာတာ ပျင်းတယ်လေ အိမ်ထဲမှာပဲနေရတာကို

အူကြူး (Complete)Where stories live. Discover now