ep 18

1.5K 127 4
                                    

"အဲ့ဒီ့နောက်ပိုင်းတွေကတော့ အူကြူးသိတဲ့အတိုင်းပဲလေ"
"ဒါဆ်ို ကိုကိုက ကျွန်တော်ဆေးရုံတက်နေတုန်းက ကုမ္ပဏီကိုမသွားဘူးပေါ့"
"အင်း အရေးကြီးကိစ္စရှိမှသွားတယ် အူကြူးသတိရလာတဲ့အချိန် ကိုကိုမသိမှာစိုးလို့"
"ဒါဆို ကိုကို့အလုပ်ကရော လုပ်ကြံခံရတာသေချာတယ်ပေါ့"
"အင်း အဲ့ကိစ္စထဲပါတဲ့သူအကုန် ထောင်ကျအောင် လုပ်ခဲ့တာ"
"ကောင်းတယ် မဟုတ်ရင် ကိုကို့ကို ဒုက္ခပေးနေကြဦးမှာ"

အူကြူးက တကယ့်ကိုရိုးသားတယ် သူမတော်တဆဖြစ်တာကို သူဘာသူဖြစ်တယ်ထင်နေတယ်နဲ့တူတယ် ဘာမှမေးတာမျိုးမရှိဘူး မေးလည်းသူကပြောမပြချင်ပါဘူး နောက်တစ်ခါထပ်နာကျင်ရမဲ့အကြောင်းမရှိတော့ဘူးမို့ အရင်ကနာကျင်ခဲ့တာတွေကိုလည်းမပြောပြချင် ရှောင်းကျန့်ရဲ့ dark sideကိုလည်း အူကြူးသိအောင်မပြောပြချင် သူကအူကြူးကိုဒီလိူဖြစ်အောင်လုပ်ထားတဲ့သူတွေကို ဒီအတိုင်းထားရလောက်အောင် မေတ္တာရှင်မှမဟုတ်ပဲလေ ထားတော့ ဒါတွေအူကြူးသိစရာမလိုဘူး

"ဒါနဲ့ ညနေကျ ပွဲတက်စရာတစ်ခုရှိတယ် အူကြူးပါလိုက်ခဲ့ရမှာ"
"ဟင် ကျွန်တော်ရောလား"
"ဟုတယ် ကိုကိုအမျိုးသားအနေနဲ့လိုက်ခဲ့ရမှာ"
"ဒါမဲ့ ကျွန်တော် တစ်ခါမှ အဲ့လိုပွဲမတက်ဖူးဘူး"
"ကိုကိုကလည်း မတက်စေချင်ပါဘူး ကိုကို့အမျိုးသားလေးကို သူများတွေကြည့်ကြမှာ ကိုကိုမကြိုက်ဘူး "
"ဒါဆို ဘာလို့ခေါ်နေတာလဲ ကိုကိုက"
"အရင်က လူတွေက အူကြူးကိုမြင်ဖူးကြတယ်
အူကြူးက ကုမ္ပဏီကိုလိုက်လာတတ်တော့ သူတို့သိကြတယ် ဒါမဲ့ ခုနောက်မှရောက်လာတဲ့လူတွေနဲ့ အချို့လုပ်ငန်းရှင်တွေက မသိကြဘူး ကိုကို့မှာ ဝမ်ရိပေါ်ဆိုတဲ့ အသည်းအသက်လေးရှိတာသိအောင်လို့"
"အော် သိပြီ သိပြီ ကျွန်တော်သေချာပေါက် အဲ့ပွဲကိုတက်ရမယ်"
"ဟမ် ဘာလို့လဲ အူကြူးရဲ့"
"ကျွန်တော်မလိုက်ရင် ကိုကို့ကို သူများလုသွားနိုင်တယ်လေ မရပါဘူး ကျွန်တော့်အပိုင်ဖြစ်ကြောင်းပြရမယ်"
"အဟက် ဟုတ်ပါပြီကွာ ကိုကိုဝတ်စုံပြင်ပေးထားပြီးသား ညနေကျပြင်ပြီးသွားရုံပဲ "
"Ok ok"

တရုတ်ပြည်ရဲ့ ထိပ်တမ်းချမ်းသာသူတွေအများအပြားတက်ရောက်သည့်ပွဲမို့ မီဒီယာတွေက ခန်းမရှေ့မှာ ဆူညံနေကြလေရဲ့ အထူးသတင်းလည်းရှိထားသည်ကိုး တော်ရုံနဲ့ထုတ်မပြတတ်သည့် CEO ရှောင်းရဲ့ အမျိုးသားကို ဒီနေ့ပွဲမှာတွေ့ရမယ်ဆိုတဲ့ သတင်းကြောင့်လည်းပါတာပေါ့

အူကြူး (Complete)Where stories live. Discover now