ep 26

1.6K 123 7
                                    

ရိပေါ် ခုအိမ်ကိုပြန်ရောက်နေပြီ ဘယ်ကနေဘယ်လို ပြန်ရောက်လာသလဲရိပေါ်မသိ သူသိတာက ကိုကိုနဲ့သူတွေ့လာတယ် သူ့ကိုရှင်းပြစရာတွေရှိနေလို့ နားထောင်ပေးပါဆိုတဲ့ စကားကိုသာအတွင်တွင်ပြောနေတဲ့ ကိုကို့ကို ထားခဲ့ပြီး ရိပေါ်ပြေးထွက်လာခဲ့တာ

"ဝမ်လေး ge ပြောတာကြားလား သတိကပ်ဦးလေး"
"ဟင့် အင့် ကော"

ရိပေါ်က အိမ်ကိုစရောက်ထဲက သူတို့နဲ့ဆို ပြုံးရယ်နေပေမဲ့ ညဘက်တွေမှာ တစ်ယောက်ထဲကြိတ်ငိုနေတာတွေ လည်ပင်းမှာစွဲထားတဲ့ လက်စွပ်လေးကို ခိုးနမ်းပြီး မျက်ရည်ကျနေတာတွေ သူနဲ့ hun ကြင်ကြင်နာနာနေတာကိုတွေ့တိုင်း မသိမသာ မျက်နှာလေးငယ်သွားတာကို သူရော hunရော ရိပ်မိနေခဲ့တာကြာပြီ

ဒါကြောင့် မနေနိုင်​တော့တဲ့ hunက ဝမ်လေးအကြောင်းတွေကိုစုံစမ်းခဲ့တာ CEO ရှောင်းအသည်းအသက်ကလေးဆိုတာရော ဝမ်လေးအကြောင်းရော အတော်များများသိခဲ့ရပေမဲ့ ဘာကြောင့် ဝမ်လေး အိမ်ပေါ်ကဆင်းလာသလဲဆိုတာတော့ ဘယ်လိုမှစုံစမ်းလို့မရ ဒီတစ်နှစ်အတွင်း ရှောင်းကျန့်ရဲ့ interview တွေမှာ
ဝမ်လေးအကြောင်းမေးတိုင်း အိမ်ထဲမှာပဲနေနေတာမို့ပါလို့သာ ဖြေလေ့ရှိခဲ့တာ ကို သူသိခဲ့ရတယ်

အတော်ကြာစုံစမ်းပြီးမှ အထင်လဲဲပီး အိမ်ပေါ်ကဆင်းလာတယ်ဆိုတာသိရတော့တယ် အဲ့ဒါကလည်း ဝမ်လေးသူငယ်ချင်းဟောက်ရွမ်းဆိုတဲ့ကောင်လေးကြောင့်သိရခြင်းသာ

ဒါကြောင့် hunက ရှောင်းကျန့်ကို ဆက်သွယ်ပြီး ဝမ်လေးဒီမှာရှိနေကြောင်းအသိပေးခဲ့တာဖြစ်မယ် hun ခုလိုလုပ်တာကိုတော့ luhanကိုယ်တိုင်တောင်မသိလိုက် ဒါကြောင့်လည်း ရုံးခန်းထဲမှာ hunကို အိမ်ရောက်မှတွေ့မယ်ဆိုတဲ့အကြည့်နဲ့
ကြည့်ခဲ့ရသေး ခုတော့ ရှောင်းကျန့်က ချက်ချင်းကိုရောက်ချလာတာ မနေ့ကမှ ကိုရီးယားကို ခုလိုအကြောင်းပြချက်နဲ့ လာခဲ့ဖို့ ခေါ်ထားတာလို့ hunကပြောတာပဲ

"မငိုနဲ့​တော့ဝမ်လေး ရှောင်းကျန့်ရှင်းပြတာကို နားထောင်ပေးလိုက်ပါ"
"ge မဟုတ်မှ ge က ကိုကိုနဲ့သိနေတာလား"
"ge တို့ကငယ်သူငယ်ချင်းတွေ"
"ဟင့် ဒါကြောင့် ဝမ်လေးဒီမှာရှိတယ်လို့ပြောလိုက်တာလား ge က"
"........"
"hyung ကရော သဘောတူခဲ့တာလား "
"........"
"ဝမ်လေးကို ဘာမှမမေးပဲ လုပ်ချင်တာလုပ်ကြတယ် "
"မဟုတ်ပါဘူး ဝမ်လေးရယ်"
"အဲ့လူကို ကျွန်တော့်ကို သစ္စာဖောက်ခဲ့တာ ကျွန်တော်က အရမ်းချစ်တာကို အင့် ဟင့် သူက သူက ဖောက်ပြန်ခဲ့တာ အီး ဟီး ဟီး"

အူကြူး (Complete)Where stories live. Discover now