ep 20

1.5K 128 2
                                    

"အဲ့အချိန်မှာ မားသိလိုက်ရတာ သားငယ်ကို အားကျန့်နဲ့ သဘောတူခဲ့တာက မားဘဝမှာ မှန်ကန်တဲ့လုပ်ရပ်တစ်ခုဆိုတာပဲ "
"........."
"အားကျန့်က သားငယ်ကိုသိပ်ချစ်တာကွဲ့ သားငယ်သူ့ကိုမမှတ်မိတူန်းကဆို သားငယ်ရှေ့မှာသာ ဘာမှမဖြစ်သလိုဟန်ဆောင်နေပေမဲ့ သူအရမ်းဝမ်းနည်းခဲ့တာ"

"မား မြင်ဖူးသလောက်ဆိုရင် အားကျန့်က သားငယ်အတွက်ကလွဲလို့ မျက်ရည်ကျတာသိပ်ရှားတဲ့ကလေးပါ သားငယ်ရယ်"
"ကျွန်တော်လည်း ကိုကို့ကို သိပ်ချစ်ပါတယ်မားရဲ့"

"ကိုကိုသိတာပေါ့ အူကြူးကိုကို့ကိုချစ်မှန်း"
"ဟာ ကိုကိုက ဘယ်တုန်းကရောက်နေတာလဲ"
"ခုဏကမှရောက်တာ ရောက်ရောက်ချင်းကြားရတဲ့စကားကြောင့် အပျော်တွေလွန်သွားတာပဲကွာ"
"ဟွန့် မကြားဖူးတာလည်းမဟုတ်ပဲနဲ့"
"ကြားဖူးလည်း ခဏခဏကြားချင်တာပါပဲဗျာ"
"တော်ပါ မားရှိနေတာကို"

ရိပေါ်ကရှက်ရှက်နဲ့ပြောတယ် မားကတော့ မနိုင်ဘူးဆိုတဲ့အကြည့်နဲ့ကြည့်နေလေရဲ့

"ကိုကိုကဒီနေ့စောလှချည်လား"
"ဟုတယ် ပိတ်ရက်လေကွာ မတတ်သာလို့သာသွားရတာလေ မြန်မြန်လုပ်ပြီးပြန်လာတာပေါ့"
"ဟွန့် အလုပ်တွေကိုပဲချစ်နေပြီးတော့"
"မဟုတ်ပါဘူးအူကြူးလေးရဲ့ ကိုကိုကမင်းကိုပဲချစ်တာပါဗျ"
"တော်ပါဗျာ "
"ဟားဟား ဟုပါပြီ ခုတော့ပြန်ရအောင်လေ"
"အင်းအင်း မားရေ သားတို့ပြန်တော့မယ်နော်"
"အေးအေး ကားကိုဂရုစိုက်မောင်းနော် အားကျန့်"
"ဟုတ် မား ကျွန်တော်တို့ သွားပြီနော် မား"
"အေးအေး"

"မားနဲ့ဘာတွေပြောနေကြတာလဲ အူကြူး"
"ထွေထွေထူးထူးတော့မဟုတ်ပါဘူး ကိုကို ကျွန်တော့ကို သိပ်ချစ်တဲ့အကြောင်း မားကပြောပြနေတာ"
"အဲ့ဒါက မားပြောမပြလည်း အူကြူးသိပြီးသားပဲမလား"
"အင်း ဟုတယ် ဒါမဲ့ ဂုဏ်ယူရတယ်လေဗျာ ကိုယ်တင်မဟုတ်ဘူး သူများတွေကပါ သိနေတာကိုး"
"ဟုပါပြီဗျာ "

"ကိုကို"

ထမင်းစားပြီးလို့ သူ့ပေါင်ပေါ်မှာအိပ်ရင်း တီဗီ
ကြည့်နေသောအူကြူး အခေါ်ကြောင့်

"အင်း ပြောလေ"
"ကိုကိုက ကျွန်တော့်ပုံတွေ ဆွဲပေးဖူးတယ်ဆို"
"အင်း ဆွဲပေးဖူးတယ်လေ ဘာလို့လဲ"
"အဲ့ပုံတွေက ဘယ်မှာလဲ အရင်ရက်က ကျွန်တော်ရှာကြည့်သေးတယ် ကိုကို့စာဖတ်ခန်းရော ကျွန်တော်တို့အိပ်ခန်းရော ရှာကြည့်ပေမဲ့ မတွေ့လို့"
"အော် အဲ့ပုံတွေက အူကြူးသိမ်းထားတာလေ
"ကျွန်တော်သိမ်းထားတာ"
"ဟုတယ် ကိုယ်ဆွဲပြီးတိုင်း အူကြူးက ယူသွားတာပဲ ဘယ်မှာသိမ်းလည်တော့မသိဘူး "
"..........."
"ကိုကို့ကတော့ အောက်ထပ်က အူကြူးပိတ်ထားတဲ့အခန်းထဲမှာထင်တာပဲ "
"အဲ့အခန်းကသော့ခက်ထားတာမလား သော့ကဘယ်နားမှာလဲ ကိုကို"
"မသိဘူး အူကြူးက ဘယ်သူ့ကိုမှအဝင်မခံဘူးလေ "
"ဟင် ကိုကိုတောင်မဝင်ဖူးဘူးလား"
"အင်း ဒီအိမ်ကိုရောက်ထဲက အူကြူးက အဲ့ခန်းက အူကြူးအခန်းသက်သက်မို့ ဘယ်သူ့မှအဝင်မခံဘူး သန့်ရှင်းရေးတောင် ဝင်မလုပ်ခိုင်းဘူးလေ"
"သော့......   သော့က ဘယ်နားမှာရှိလောက်သလဲ"
".........."
"ကိုကို သော့အပိုမရှိဘူးလားဗျာ"
"အင်း ရှိတယ်လေ"
"အဲ့ဒါများကိုကိုရာ အဲ့သော့ယူပေး အခန်းထဲဝင်ကြည့်ရအောင်လို့"
"အင်း ကိုကိုသွားယူပေးမယ် ခဏစောင့်"

အူကြူး (Complete)Where stories live. Discover now