ep 16

1.5K 128 2
                                    

"အူကြူး ရေချိုးပြီးရင် ဒီ suit လေးဝတ်ခဲ့နော် ကိုကိုအောက်ထပ်မှာ မနက်စာပြင်ပြီးစောင့်နေမယ် ရေအကြာကြီးချိုးမနေနဲ့နော် မြန်မြန်လုပ်"
"ဟုတ်ကဲ့ပါကိုကိုရဲ့ "

ဒီနေ့က ရိပေါ်ဆေးရုံကိုသွားကြည့်မှာမို့ ကိုကိုကပြင်ဆင်ပေးနေခြင်းပင် ကိုကိုကတော့ အကုန်ပြင်ပြီးနေရော ကိုယ့်ဆေးရုံကိုသွားကြည့်မှာဆိုပေမဲ့ ခုမှပထမဆုံးလိုဖြစ်နေသည်မို့ ရိပေါ်နည်းနည်းတော့စိတ်လှုပ်ရှားနေမိသည်လေ

"ဒီနေ့တော့ ကိုကိုထမင်းကြော်ပြင်ပေးထားတယ် နွားနို့လေးနဲ့ "
"ဟုတ်"
"စိတ်လှုပ်ရှား​နေတာလား အူကြူးက"
"အင်းပေါ့ ကိုကိုကလည်း ကျွန်တော်ကခုမှစသွားမှာကိုးဗျ"
"ဘာမှစ်ိတ်လှုပ်ရှားနေစရာမလိုပါဘူး အူကြူးရဲ့ ကိုကိုအကုန်ပြင်ဆင်ခိုင်းပြီးသား အရင်ထဲက သူတို့နဲ့အူကြူးကခင်ပြီးသားပါ"
"ဒါမဲ့ ကျွန်တော်မှသူတို့ကိုမသိတော့တာကိုကိုရဲ့"
"စိတ်ချ နောက်ကျရင်အကုန်အဆင်ပြေသွားမှာ"
"အင်း ကိုကိုရှိနေတာပဲ ကျွန်တော်ကအဆင်မပြေစရာလား"
"ဟက် အချွဲလေး ဒါမဲ့ တစ်ခုတော့ရှိတယ်နော်"
"........."
"အခြားသူတွေနဲ့ရင်းရင်းနီးနီးမနေရဘူး ဆေးရုံမှာ  ဟောက်ရွမ်းရှိတယ် အူကြူးဆေးရုံတက်တုန်းကတောင် ခဏခဏလာမေးတဲ့တစ်ယောက်လေ အူကြူးသူငယ်ချင်း သိတယ်မလား"
"အင်း ကျွန်တော်သိပါတယ် အရင်လိုအရမ်းမခင်ပေမဲ့ ခင်တာတော့ခင်နေပါပြီ သူနဲ့က"
"အင်း သူနဲ့ကလွဲလို့ အခြားသူနဲ့ဝေးဝေးနေ စကားတောင် ကောင်လေးဖြစ်ဖြစ်ကောင်မလေးဖြစ်ဖြစ် လိုတာထက်ပိုမပြောနဲ့ ကိုကိုမကြိုက်ဘူး"
"ကိုကိုက သိပ်သဝန်တိုတတ်တာပဲ"
"တိုတာပေါ့ ကိုကို့မှာ အူကြူးတစ်ယောက်ပဲရှိတာကို"
"စိတ်ချ ကျွန်တော့မှာလည်း ကိုကိုပဲရှိတာ အခြားသူဆိုတာမရှိဘူးမို့"
"အူကြူးကို ကိုကိုကယုံပြီးသား စိတ်လည်းချပြီးသား အခြားသူတွေကိုပဲမယုံတာ"
"ပိုကိုပိုတယ် ကိုကိုက"
"တစ်ခုခုလိုအပ်တာရှိရင် ေဟာက်ရွမ်းကိုပြော အဲ့ဒါမှအဆင်မပြေရင် ကိုကို့ဆီဖုန်းဆက်လိုက်"
"ဟုတ်ပါပြီ ကိုကိုရယ်"
"ဒီနေ့တော့ ကိုကိုဆေးရုံထဲထိသေချာလိုက်ပို့ပေးမယ် "
"နောက်ရက်ကျရင်တော့ မပို့ပေးဘူးဆိုတဲ့သဘောပေါ့ ကိုကို"
"မဟုတ်ပါဘူး နောက်ရက်ကျရင်တော့ ဆေးရုံရှေ့ထိ လိုက်ပို့ပေးမှာပေါ့ဗျ"
"ပြီးတာပဲ အဲ့လိုဆို သွားကြရအောက် နောက်ကျနေမယ်"
"အင်း အင်း ခဏစောင့် ကိုကို ယူစရာရှိတာယူလိုက်ဦးမယ်"
"ဟုတ် "

အူကြူး (Complete)Where stories live. Discover now