ep 10

1.8K 123 0
                                    

အတိတ် ###

"ကိုကို မနက်​ဖြန်ဆို နောက်ဆုံးနေ့ပဲ သေသေချာချာဖြေခဲ့ရမယ်နော် ပြန်လည်းစစ်နော် "
"သိပါတယ် အူကြူးရယ် နေ့တိုင်းမှာနေတာကို ကိုကိုနားထောင်ပါတယ်"
"စိတ်မချလို့ပေါ့ကိုကိုရဲ့"
"ဘာစိတ်မချစရာရှိလို့လဲ ကိုကိုက မဖြေဘူးတာမှမဟုတ်တာ"
"ဖြေဘူးသည်ဖြစ်စေ မဖြေဘူးသည်ဖြစ်စေ စိတ်မချတာကမချတာပဲလေ "
"စိတ်ချ အူကြူးလည်း နေ့တိုင်းကိုကို့အတွက် ဆုတောင်းပေးနေတာပဲလေ ဘာမှမဖြစ်စေရဘူး ဘာသာစုံဂုဏ်ထူးပါစေရမယ် "
"အပြောကတော့ဟုတ်နေတာပဲ ဒါနဲ့ ကိုကိုကျောင်းပြီးရင် ဘယ်uniတက်ဖို့စဥ်းစားထားလဲ"
"ဒီတိုင်း အဝေးသင်ပဲတက်ဖြစ်မယ်ထင်တယ်"
"ဟင့် ပြောတော့ ဂုဏ်ထူးတွေအကုန်ပါအောင်လုပ်မှာဆို ဘာလို့အဝေးသင်လဲ"
"Xiao company အတွက် အောက်ခြေကနေစပြီးကိုကိုလေ့လာရမယ်လေ အူကြူးရဲ့ အဲ့တော့ ကျောင်းကို အဝေး​သင် တက်မှပဲအဆင်ပြေမှာလေ"
"ဟုတ်သားပဲ ကိုကိုက Xiao company ရဲ့ ဆက်ခံသူဆိုတာ ကျွန်တော်မေ့သွားတယ် ဟီးဟီး"
"ကျောင်းပြီးသွားရင်လည်း အူကြူးက ဒီလိုပဲ
ကိုယ့်ဆီကိုခဏခဏလာပေးမလား"
"ဟမ်"
"ကိုကိုတောင်းဆိုတာပါ ကျောင်းပြီးလို့ အူကြူးနဲ့မတွေ့ရတော့မှာ ကိုယ် ကြောက်နေတာ"
"အာ ရပါတယ် ကျွန်တော် အားတဲ့အချိန်ဆို လာခဲ့မယ်လေ"
"အင်း အခုလိုပဲ ကိုယ် အူကြူးကို ကျောင်းပို့ကျောင်းကြို လုပ်ပေးမှာနော်"
"အဲ့ဒါကတော့..."
"မငြင်းနဲ့နော် ကိုယ့်စကားနားထောင်"
"သဘောပါ ကိုကို့သဘော"

"ကိုကို ကောင်းကောင်းဖြေခဲ့နော် ကျွန်တော်
စောင့်နေမယ်"
"အင်း အူကြူး"
"ပြောလေ ကိုကို ဘာလိုလို့လဲ"
"စာမေးပွဲဖြေပြီးရင် အူကြူးနဲ့တူတူသွားချင်တဲ့နေရာရှိတယ် ပြောစရာလည်းရှိတယ်"
"အင်း ကျွန်တော်ကစောင့်နေမှာမို့ ကောင်းကောင်းသာဖြေခဲ့"
"အင်း မွ ကိုယ်သွားပြီ"
"အင်း"

စာမေးပွဲဖြေတဲ့ရက်တိုင်းမှာ ကိုကိုကအားဆေးယူတာဆိုပြီး သူ့နဖူးလေးကိုနေ့တိုင်းနမ်းသွားတတ်သည်ပင် သူလည်းထွေထွေထူးထူးမဟုတ်တာမို့ ဘာမှမပြောမိ ဒီတိုင်း ကိုကိုကသူ့ညီလေးမို့ နမ်းတာဖြစ်ပါလိမ့်မယ်လို့ သူတွေးထားပေမဲ့ သူကတော့ ကိုကို့အပေါ် အကိုတစ်ယောက်ထက်ပိုနေမိတာ သူသာသိတယ် နောက်များတော့ ကိုကိုနဲ့တွေ့ဖို့အချိန်က ခုလိုမများတော့ဖူးဆို​တော့ သူ့ကိုယ်သူထိန်းနိုင်သွားမှာပါ သူတို့က ဘယ်လိုမှ မဖြစ်နိုင်တဲ့လူတွေမလား

အူကြူး (Complete)Where stories live. Discover now