ep 5

2.3K 153 0
                                    

"အူကြူးရေ ထ​တော့လေ ညနေ ၃နာရီတောင်ထိုးနေပြီ ကိုကို မင်းကိုခေါ်သွားစရာနေရာရှိတယ်လို့ပြောထားတယ်လေ"
"အင်း ထပြီ ခဏလေးစောင့်နော် ကျွန်တော် ပြင်လိုက်ဦးမယ်"
"အင်း ကိုယ် အောက်ထပ်ကစောင့်မယ် ပေါ့ပေါ့ပါးပါးလေးပဲဝတ်ခဲ့နော် အူကြူး"
"ဟုတ်ကဲ့ ကိုကို"

"ဒါနဲ့ ကိုကိုတို့ ခုဘယ်သွားနေတာလဲ မမေးတော့ဘူးလား အူကြူး"
"မေးမနေပါဘူး ဘယ်နေရာသွားမယ်ဆိုတာက အရေးမကြီးဘူး ဘယ်သူနဲ့သွားမယ်ဆိုတာပဲအရေးကြီးတာ"
"ကိုကိုက မဟုတ်တဲ့နေရာခေါ်သွားရင်ရော"
" ကိုကိုပါတာပဲ ကျွန်တော်လုံခြုံပြီးသားလေ"
"အလည်လေး ချစ်လိုက်တာကွာ"
"ကိုကိုကလည်း"

သူ့ဆီက ချစ်စကားတွေကို အမြဲကြားနေရပေမဲ့ အခုထိကို အူကြူးကရှက်နေတုန်းပဲနေ ခုတောင် ပါးလေးတွေ နီနေလေရဲ့ ဟက် သိပ်အူယားစရာကောင်းတာပဲ

"ကိုကို ဒါက မိဘမဲ့ဂေယာမလား"
"ဟုတယ်"
"ကျွန်တော့ကို ဘာလို့ခေါ်လာတာလဲ"
"အရင်ဆုံးအထဲဝင်ပြီး ကျောင်းအုပ်ဆရာမကြီးနဲ့ တွေ့ရအောင် နောက်မှ ဘာလို့ခေါ်လာရသလဲ ကိုကိုပြောပြမယ်"
"ဟုတ်"

"အယ် ရိပေါ်လေးလည်းပါလာတာလား
အားကျန့်"
"ဟုတယ် ဆရာမကြီး"
"ရိပေါ်လေးက မတွေ့ရတာကြာတော့ ပိုနုလာတာပဲ "
"ဟုတယ် ဆရာမကြီးရဲ့ သူကအပြင်သိပ်မထွက်ရတော့ ပိုနုသွားတာဖြစ်မယ်"
"အားကျန့် ဒီတစ်ခါရော ဒီမှာအိပ်သွားမှာလား"
"မအိပ်တော့ဘူး ဆရာမကြီး ရိပေါ်က နေသိပ်မကောင်းသေးတော့ ဒီနေ့ အိမ်တော်ကိုပဲ ပြန်အိပ်ဖြစ်မှာ"
"အော် အေးအေး ဒါဆိုလည်း ရ်ိပေါ်လေးနဲ့ လျောက်ကြည့်ကြလေ ကလေးတွေက ခုစာသင်နေတုန်းမို့ ခဏနေလောက်ဆိုရင် ဝင်တွေ့လို့ရပြီ"
"ဒီနေ့တော့ မတွေ့တော့ဘူး ဆရာမကြီး ရိပေါ်နဲ့ ခဏလောက် ဂေယာအတွင်းကို လျောက်ကြည့်ဖို့ လာတာမို့ နောက်တစ်ခါမှပဲ ဝင်တွေ့မယ်"
"အေးအေး ဒါဆိုလည်း သဘောပါလေ"

"Wow ကိုကို ဒီနေရာလေးက လှလိုက်တာ"
"အင်း အရင်ကလည်း အူကြူးသိပ်သဘောကျခဲ့တဲ့နေရာလေးလေ"

ဂေယာရဲ့နောက်ဘက်နားမှာရှိတဲ့ တောင်ကုန်းလေးပေါ်ကနေရာလေးပေါ့ ညနေစောင်းနေဝင်ချိန်မို့ ရှုခင်းလေးကလည်းအရမ်းလှတာ သစ်ပင်လေးတွေကလည်း ဂေယာရဲ့စောင့်ရှောက်ပေးမှုကြောင့် စိမ်းစိုလို့ပေါ့

အူကြူး (Complete)Where stories live. Discover now