ep 21

1.3K 110 4
                                    

"ကိုကို အလုပ်တွေ အရမ်းရှုပ်နေတာလားဟင်"
"ဟုတယ် အူကြူးရဲ့ ဒီတစ်ခါလုပ်မဲ့ project ကအရေးကြီးတယ် ကျိုးအိမ်တော်နဲ့ပူးပေါင်းရတာမို့ ပိုဂရုစိုက်နေရတာ "
"ကျိုးအိမ်တော်နဲ့ ဟုလား"
"အင်း အူကြူးကသိမှာမဟုတ်ဘူး ကျိုးအိမ်တော်က တရုတ်မှာ ကိုကိုတို့နဲ့အပြိုင် အရမ်းနာမည်ကြီးတဲ့ လုပ်ငန်းစုကြီး "
"ကိုကိုတို့နဲ့အပြိုင်ဆို​တော့ တော်တော် ချမ်းသာမှာပဲ"
"ဟုတယ် ပြီးတော့ ဒါက ဟိုးအရင်ထဲက ပါပါး မျှော်လင့်ထားတဲ့အရာမို့ ကိုကိုအရမ်းဂရုစိုက်နေရတာ အူကြူးကိုတောင် ပစ်ထားမိသလိုဖြစ်နေပြီ"
"မဟုတ်တာ အရေးကြီးတဲ့ကိစ္စပဲ ကျွန်တော်က
ရတယ်"
"တစ်ပတ်တောင်ရှိနေပြီ မနက်စာ ညစာအတွက်ပါ အဒေါ်ကြီးကိုခေါ်ထားရတာ ကိုကိုက အူကြူးအတွက် ကိုကိုပဲပြင်ပေးချင်တာ"
"ကိုကိုကလည်း နောက်လည်း လုပ်ပေးလို့ရတာပဲ လုပ်ငန်းကိစ္စသာ သေချာဂရုစိုက်"
"အင်း နောက်တစ်ပတ်နှစ်ပတ်လောက်ဆိုရင်တော့ ပြီလောက်ပါတယ် ကိုကိုတစ်ယောက်ထဲ လုပ်ရတာမဟုတ်ဘူးဆိုတော့"
"ဟင် ကိုကိုတစ်ယောက်ထဲမဟုတ်ဘူးလား"
"အင်း ကျိုးအိမ်တော်က သားနဲ့ကိုကိုနဲ့တူတူလုပ်တာ အူကြူးရဲ့ သူကသိပ်တော်တာ နောက်မှ အူကြူးနဲ့မိတ်ဆက်ပေးမယ် "
"အင်းအင်း "
"ဒါဆို အူကြူးအိပ်နှင့်နော် ကိုကို လုပ်စရာရှိတာလုပ်လိုက်ဦးမယ်"
"အရမ်းနောက်မကျစေနဲ့နော်ကိုကို.
"ဟုပါပြီ အသည်းအသက်လေးရဲ့ မွ"


ကိုကိုက ခုတလော အလုပ်တွေအရမ်းရှုပ်နေတာ မနက်စာလည်း စားမသွား ညဆိုလည်းနောက်ကျမှပြန်လာရတတ်တယ် တစ်ယောက်ထဲ လုပ်ရတဲ့ကိစ္စမဟုတ်တော့ ကုမ္ပဏီမှာတူတူလုပ်ရတာမို့တဲ့ ထားပါလေ အလုပ်ကိစ္စကြောင့်ပဲ

ဒါမဲ့ ကိုကိုက ရိပေါ်ကိုပစ်ထားတာ နှစ်ပတ်နီးပါးရှိတော့မယ် ရိပေါ်စိတ်ကောက်ပစ်ချင်ပေမဲ့ အလုပ်ပင်ပန်းနေတဲ့ကိုကို့ကို စိတ်အနှောင့်အယှက်ဖြစ်မှာဆိုးရတာမို့ သူဘာမှမပြောဖြစ်
ဒီနေ့တော့ ရိပေါ် ဆေးရုံမသွားတာမို့ ကုမ္ပဏီကိုသွားပြီ ကိုကို့အတွက် နေ့လည်စာသွားပို့ရမယ်

"အဒေါ်ကြီးရေ ဒေါ်ကြီး"
"ရိပေါ်လေး ဘာလိုချင်လို့လဲ"
"ကိုကို့ကိုနေ့လည်စာသွားပို့မလို့ အဲ့ဒါ ကိုကိုကြိုက်တာလေးတွေပြင်ပေးပါဦး"
"ဟုပါပြီရှင် "


အူကြူး (Complete)Where stories live. Discover now