ep 23

1.4K 128 13
                                    

"ရိပေါ် မင်းဆက်လုပ်မလဲ"
"........"
"မင်းဒီလိုဆက်နေလို့မရဘူးလေ အကိုရှောင်းကျန့်ကလည်း မင်းကိုအသည်းအသန်ရှာနေတာ"
"........."
"ကြာရင် မင်းငါ့ဆီရောက်နေတာ သိမှာပဲ ငါ့ကိုလည်း ခဏတိုင်းဖုန်းဆက်မေးနေတာ"
"ငါသိပါတယ်"
"အကိုရှောင်းကျန့်နဲ့ ထိပ်တိုက်တွေ့ပြီး ဖြေးရှင်းလိုက်ပါ့လား ရိပေါ်"
"ဟင့်အင်း ငါ ငါ မကြားချင်ဘူး သူ့ပါးစပ်ကသာ ဟုတ်ပါတယ်လို့ ဝန်ခံလာရင် ငါရူးသွားမှာ ဟောက်ရွမ်းရဲ့"
"မင်းသဘောပါ မင်းဘာဆက်လုပ်မလဲဆိုတာသာ စဥ်းစား ငါကူညီနိုင်သလောက် ကူညီပေးမယ်"
"ငါ ကိုရီးယားကိုသွားမယ်"
"ဟမ်"
"မနက်ဖြန် သွားချင်တာမို့ လက်မှတ်ဖြတ်ပေးပါ ဟောက်ရွမ်း"
"ဘယ်သူနဲ့မှလည်း အဆက်ဆက် မရှိပဲ မင်းက ဘယ်လိုနေမှာလဲ ရိပေါ်"
"သူ့ဘာသူ အဆင်ပြေသွားမှာပါ ငါပြောသလိုသာလုပ်ပေးပါ"

"တောက်!!"
"​​​မင်းတို့ လူတစ်ယောက်ကိုတောင်မရှာနိုင်ဘူးလား ဟမ်"
"........"
"ကျိုးချန် အူကြူးသွားတတ်တဲ့နေရာတိုင်းကို လိုက်ရှာ လူအင်အားထပ်ဖြည့် နေရာတိုင်းလိုက်ရှာ"
"ဟုတ်ကဲ့"

အူကြူးရယ် ကိုကိုရူးတော့မှာပဲ နှစ်ရက်တောင်ရှိပြီ အိမ်ပြန်မလာဘူး ဘယ်တွေများသွားနေတာလဲကွာ ကိုကိုရှင်းပြတာကို နားထောင်ပေးပါဦး အူကြူးမြင်ခဲ့သလိုမဟုတ်ပါဘူးကွာ

"အားးးးးးးး"
"သခင်လေး စိတ်ထိန်းပါ သခင်လေးရယ်"
"အင့် ဒေါ်ကြီး အင့် ဟင့် အူကြူးက ကျွန်တော့်ကိုထားခဲ့ပြီထင်တယ် ဟင့် ဘယ်လိုလုပ်ကြမလဲ
ဟင့် ကျွန်တော်ရူးတော့မှာပဲ "
"ရှာတွေ့မှာပါ သခင်လေးရယ် ရိပေါ်လေးက သခင်လေးကိုသိပ်ချစ်တာပါ ပြန်လာမှာပါ"
"အင့် ဟင့် ဟင့် ပြန်လာမှဖြစ်မှာ မဟုတ်ရင် ကျွန်တော် အသက်ဆက်ရှင်နိုင်မှာမဟုတ်ဘူး ဒေါ်ကြီးရဲ့"
"သခင်လေးရယ်"

"အားကျန့် သားငယ် သားငယ်ရော ရှာတွေ့ပြီလား"
"သား ရိပေါ်လေးက ဘယ်လိုဖြစ်လို့"
"တောင်းပန်ပါတယ် မား ပါပါး ကျွန်တော်"

အူကြူးသတင်းကို ရှောင်းကျန့်က မိဘတွေကိုပြောမပြခဲ့ စိတ်ပူမှာစိုးလို့ ဒါမဲ့ ရက်ကြာလာတာမို့ပြောပြလိုက်ပြီးချင်း မားနဲ့ပါးက ချက်ချင်းသူ့အိမ်ရောက်လာခြင်း

အူကြူး (Complete)Where stories live. Discover now