ep 14

1.7K 127 3
                                    

##အတိတ်##

"သတို့သားရှောင်းကျန့်သည် သတို့သားဝမ်ရိပေါ်ကို  ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ နာ​ဖျားသည်ဖြစ်စေ အသက်အရွယ်ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ ပေါင်းသင်းသွားဖို့ဆန္ဒရှိပါသလား"

"ရှိပါတယ်"

"သတို့သားဝမ်ရိပေါ်သည် သတို့သားရှောင်းကျန့်အပေါ် အမြဲသစ္စာရှိရှိနဲ့ ပေါင်းသင်းရန်အလိုရှိပါသလား"

"ရှိပါတယ်"

"သတို့သားနှစ်ယောက်နမ်းနိုင်ပါပြီ"

"ရှောင်းကျန့်ကရိပေါ်ကိုမြတ်မြတ်နိုးနိုးလေးနဲ့နဖူးလေးကိုအရင်နမ်းတယ် ပြီးမှ အမြဲနမ်းချင်ခဲ့တဲ့ လုံးလုံးဖောင်းဖောင်းနှုတ်ခမ်းလေးကိုအနမ်းလေးပေးတယ်"

ဝမ်မားကတော့ ပြုံးပြုံးလေးကြည့်နေပေမဲ့မျက်ဝန်းမှာမျက်ရည်တွေဝဲနေခဲ့တယ် သားငယ်ပျော်နေတယ်ဆိုတာကိုသူမသိတယ် ဒါမဲ့ တစ်ခုခုဖြစ်လာမှာကိုသူမစိုးရိမ်တယ် သူမမှာဒီသားငယ်လေးတစ်ယောက်ပဲရှ်ိတာမလား

"ရ်ိပေါ် နင်က အရင်ထဲက ငါတို့ကိုမိတ်ဆက်မပေးတာ အဲ့ဒါကြောင့်ကိုး"
"မဟုတ်ပါဘူးဟာ နင်တို့ကလည်း"
"နင့်အပိုင်မို့လို့ ငါတို့နဲ့ဝေးဝေးနေ အဲ့လိုမလား
မဟုတ်ပါဘူးဆို"
"ထားပါထားပါ မစတော့ပါဘူး ဒါမဲ့ နင့်ကိုကိုကတကယ်ကိုချောတယ်"
"ငါသိတယ်"
"တွေ့လား တွေ့လား အူတိုနေလိူက်တာများလွန်ရော"

"Mr.Xiao ကတော့မိုက်တယ်ဗျာ တကယ်ကိုချောပြီးချစ်စရာကောင်းတဲ့သတိုးသားကိုပိုင်ဆိုင်ထားရတာပဲ "
"ကျေးဇူးပါဗျာ "
"ဒါနဲ့ companyကရော အရင်companyမှာပဲ ဥက္ကဋ္ဌအနေနဲ့ အလုပ်လုပ်မှာပဲလား Mr.Xiao"
"မဟုတ်ဘူးဗျ ခင်ဗျားတို့ရှယ်ယာဝင်ထားတဲ့ YZ companyလေ အဲ့ဒါကျွန်တော့အပိုင်" "အဲ့companyနဲ့ပဲရှေ့ဆက်မှာ ခုကျွန်တော်က Xiao companyနဲ့ဘာမှမသက်ဆိုင်တော့ဘူး"

ရှောင်းကျန့်က အားလုံးကိုကြိုစီစဥ်ပြီးသာ companyအသစ်တစ်ခုရော လက်ထပ်ပွဲမှာ ဒီလက်ထပ်ပွဲကိုပဲ သူ့အသ်ိတွေလာအောင် သူ့မိ​ထွေး သူခုလိုတွေလုပ်နေတာအားလုံးမသိအောင် အူကြူးနဲ့တူတူနေဖို့အိမ်ပြင်ဆင်တာတွေအထိအားလုံးကိုရှောင်းကျန့်က မသိအောင်ကြိတ်လုပ်ခဲ့တာ ခု​တော့အရာအားလုံးအဆင်ပြေသွားပြီ

အူကြူး (Complete)Where stories live. Discover now