ep 13

1.7K 127 4
                                    

အတိတ်##

"sorry ပါ ရိပေါ်ရယ် ဦးနောက်ကျသွားတယ် အလုပ်က နည်းနည်းကြာနေလို့"
"ရပါတယ် ဦးရဲ့ ကျွန်တော်လည်းရောက်တာမကြာသေးပါဘူး ဒါနဲ့ ကျွန်တော့်ကိုတွေ့ချင်တဲ့အကြောင်းက"
"အော် ဦးကပွင့်ပွင့်လင်းလင်းပဲပြောတတ်တာမို့ ကွေ့ဝှိက်ပြီးပြောမနေတော့ဘူး"
"............."
"ရိပေါ်နဲ့ သားအကြောင်းကို ဦးသိထားပြီးပြီ"
"............"
"ဦးကတော့ သဘောမတူနိုင်ဘူး ရှောင်းကျန့်က ရှောင်းcompany ရဲ့ဆက်ခံသူ ဦးရဲ့တစ်ဦးထဲသောသား သူ့အပေါ်ထားတဲ့ ဦးမျှော်လင့်ချက်က ခုလိုဖြစ်ဖို့မဟုတ်ဘူး ပြီးတော့ သားတို့နှစ်ယောက်လုံးက ယောကျ်ားလေးနှစ်ယောက် မဖြစ်နိုင်တာကိုသိရဲ့နဲ့ ရှေ့ဆက်မတိုးပါနဲ့တော့ ရိပေါ်
ဦးကိုနားလည်ပေးဖို့မျှော်လင့်ပါတယ်"
"ကျွန်တော် နားလည်ပါတယ် ဦး ဒါပေမဲ့ ကျွန်တော်က ကိုကို့ရဲ့ ဆုံးဖြတ်ချက်ကိုပဲလိုက်နာဖို့ ဆုံးဖြတ်ထားပါတယ် တကယ်လို့ ကျွန်တော်တို့ကို လမ်းခွဲစေချင်တယ်ဆိုရင်​တော့ ကိုကို့ကိုပဲ ပြောလိုက်ပါ ကိုကို့ပါးစပ်က လမ်းခွဲစကားပြောလာတဲ့နေ့ကျရင် ကျွန်တော့်ဘက်ကလည်း သဘောတူပါ့မယ် "
"ရှောင်းကျန့်က ခေါင်းမာတဲ့လူမို့ လက်မခံရင်တောင် ရိပေါ်ကတော့ ဦးပြောတာကို လက်ခံသင့်တယ်မလား ရှောင်းကျန့်အတွက်မျိုးဆက်ကို ဆက်ခံဖို့ ရိပေါ်ကမတတ်နိုင်သလို ရှောင်း company ရဲ့ CEOက Gay လို့ သတင်းထွက်လာရင် ခံရမဲ့ ဒဏ်တွေကလည်း ရိပေါ်ခံရမှာမဟုတ်ဘူး အားလုံးကရှောင်းကျန့်အပေါ်ပဲကျလာမှာ "
"ကျွန်တော်ပြောပြီးပြီလေ ကိုကို့ဆီကပြောတဲ့စကားကိုပဲနာခံမှာပါလို့"
"ဟုတ်ပြီလေ ဒါဆိုရင်တော့ ဦးကလည်း အပြတ်ပြောရတော့မှာပဲ နောက်အပတ်ထဲမှာ
ရှောင်းကျန့်ကို လုရီနဲ့စေ့စပ်ပေးဖို့ရှိတယ် မင်းသိပြီးသားလည်းဖြစ်နိုင်သလို မသိသေးတာလည်း
ဖစ်နိုင်တယ် ရှောင်းကျန့်ကတော့ သိပြီးသားပဲ
စေ့စပ်ပြီးရင် နိုင်ငံခြားကိုလွှတ်ပြီး ရုံးခွဲမှာ ဦးစီးခိုင်းမှာ ပြီးလို့ပြန်လာရင် လက်ထပ်ပေးဖို့စီစဥ်ထားပြီးသား မင်းမခံစားရအောင်လာပြောပြတာဆိုပေမဲ့ မင်းကခေါင်းမာနေတာမို့ပြောပြတာ ကျန်တာ ဘာလုပ်မယ်ဆိုတာတော့ မင်းဆုံးဖြတ်ပေါ့ ဒါဆို ဦးသွားပြီ"

အူကြူး (Complete)Where stories live. Discover now