ep 9

1.8K 126 0
                                    

အတိတ်###

"သားငယ် ချော်လဲတာဆို ခေါင်းကသက်သာရဲ့လား"
"ဟုတ် သက်သာပါတယ် မားရဲ့ "
"နမော်နမဲ့သားရယ် အားကျန့်အိမ်ကိုမသွားဖူးတာလည်းမဟုတ်ပဲနဲ့"
"ဟီး ဟီး မားကလည်း ခုသားသက်သာနေပြီပဲဟာကို"
"အင်းအင်း တော်သေးတာပေါ့ ခုတော့နားလိုက်ဦး မနက်ဖြန်မှကျောင်းတက်"
"ဟုတ်"

တော်ပါသေးရဲ့ ကိုကိုက ဆေးရုံကဆင်းလာပြီးထဲက မားကိုဖုန်းကြိုဆက်ထားပေးလို့ မဟုတ်လို့ကတော့သူကမားကိုမလိမ်တတ်တာနဲ့ပဲ ပေါ်သွားနိုင်သည်လေ

"သားငယ် ဒီနေ့စောလှချည်လား အားကျန့်တောင်လာမခေါ်သေးဘူး"
"ဟုတ်တယ်မား သားစောနိုးနေလို့"
"အင်းအင်း သားငယ် မနက်စာတောင်မစားတာကြာပြီနော် မစားပဲနေ နေတာလားသားငယ်"
"မဟုတ်ပါဘူးမားရဲ့ ကိုကိုနဲ့တူတူစားတာပါ"
" အင်းပါ ဒါနဲ့ သားငယ် အားကျန့်ကိုစာသင်ရတာ ဘယ်လိုလဲ ခုဆို နှစ်ဝက်တောင်ကျော်နေပြီလေ စာတွေပြတ်နေပြီလား"
"အင်း ပြတ်သလောက်တော့ရှိပြီ revision ပြန်ရတော့မှာ ကိုကိုကသိပ်တော်တာမားရဲ့ သားတောင် သိပ်ပြီး ရှင်းပြပြောပြနေစရာမလိုဘူး"
"အင်း ဒါမဲ့ အရင်ကလိုဆို ဒုက္ခဖြစ်နိုင်သားငါ်
ဟမ် ဘာကိုလဲမား"
"အားကျန့်က အရင်ကလည်း စာမေးပွဲရောက်မှ မဖြေတော့ပဲပန်လာတတ်တယ်လေ"
"ဒီတစ်ခါတော့ ကိုကိုကမလုပ်တော့ပါဘူး
ဟင် သားငယ်က ဘယ်လိုလုပ်သိတာလဲ"
"ကိုကို ဂုဏ်ထူးပါရင် သူလိုချင်တာပေးမယ်လို့ သားကတ်ိပေးထားတာမို့ သူသေချာပေါက် ဖြေမှာပါမား"
"အင်း အဲ့လိုဆို ကောင်းတာပေါ့"

တီ တီ တီ
"ဟော အားကျန့်လာပြီထင်တယ် သွားတော့လေ သားငယ်"
"ဟုတ် မား သားသွားပြီနော်"

"ကိုကို "
"အင်း အူကြး ပြောလေ"
"ခုဆို စာတွေလည်း အားလုံးသင်ပြီးပြီ revision
​လုပ်ဖို့ပဲလိုတော့တာ"
"အင်း အဲ့တော့"
"ဟို ကျွန်တော်လည်း စာမေးပွဲက အရမ်းနီးနေပြီ ကိုကို့စာမေးပွဲကတော်​တော်လိုသေးတယ်လေ အဲ့ဒါ ကျွန်တော် နောက် နှစ်ပတ်လောက်ထိ ခွင့်ယူချင်လို့"
"ခွင့်ယူချင်လို့ ဟုတ်လား"
"ဟုတ်"
"ဘာလို့လဲ"
"ဟမ်"
"ဘာလို့ခွင့်ယူချင်ရတာလဲလို့"
"ဟို အိမ်မှာပဲ တစ်ယောက်ထဲစာလုပ်ချင်လို့ပါ ကျွန်တော်က တစ်ယောက်ထဲအေးဆေးလုပ်မှ ခေါင်းထဲဝင်တတ်တာမို့"
".........."
"နော် ကိုကို နှစ်ပတ်ပဲလေ နော် နှစ်ပတ်ဆို ကျွန်တော့စာမေးပွဲလည်းပြီးပြီ ကိုကို့ဆီကို အဲ့ကျမှလာမယ်လေနော်"
"ကိုကို့ကို ဘာပြန်ပေးမှာလဲ"
"ဟမ် ဘာကိုလဲ"
"နှစ်ပတ်ကြီးများတောင်ပျက်မှာဆို​တော့ ကိုယ့်ကိုတစ်ခုခုပြန်လုပ်ပေးသင့်တယ်မလား"
"အင်း ဘာလုပ်ပေးရမှာလဲ"
"ကိုကို စာမေးပွဲဖြေရင် အူကြူးလိုက်ခဲ့ရမယ် အသွားလည်းလိုက်ပို့ အပြန်ထိစောင့်ကြိုပေးရမယ် "
"ရတယ်လေ ဒါဆို ဒီနေ့ကစပြီးမလာ​တော့ဘူးမို့ ညနေလာမကြိုနဲ့တော့နော်ကိုကို"
"အင်း ဒါမဲ့ လွမ်းရင်​တော့ ခဏလာတွေ့မယ်"
"ဟမ်"
"လွမ်းရင်လာတွေ့မယ်လို့"
"အာ အင်း အင်း သဘောလေ"

အူကြူး (Complete)Where stories live. Discover now