ep 8

1.9K 129 2
                                    

အတိတ် ##

"ဒေါ်ကြီး ကိုကိုရော ကျွန်တော်ရောက်နေတာကြာပြီ သူခုထိရောက်မလာသေးလို့ မနက်တုန်းကလည်း မရောက်လာလို့ ကျွန်တော် ကျောင်းသွားလိုက်ရတာ ခုလည်းမလာသေးပြန်ဘူး"

အပေါ်ထပ်မှာကိုကို့ကို မတွေ့၍ ရိပေါ်​အောက် ထပ်သို့ဆင်းလာပြီး ဒေါ်ကြီးကိုတွေ့ ၍မေးလိုက်ခြင်းပင်

"အာ ဆရာလေးမသိဘူးလား ဒီလိုနေ့တိုင်း သခင်လေးက အမြဲတမ်း စာမသင်ဘူးလေ"
"ဟင် ဘာလို့လဲ"
"အာ ဒီနေ့က သခင်လေး မေမေဆုံးတဲ့နေ့လေ ဒီလိုနေ့ဆို သခင်လေးက တစ်နေရာရာသွားပြီး အရက်သောက်ရင်သောက်မယ် ရန်ဖြစ်ပြီးပြန်လာရင်လာမယ် မဟုတ်ရင်တော့ သခင်လေးမေမေ အုတ်ဂူမှာသွားထိုင်နေမှာသေချာတယ်"
"ဟင် ဟုတ်လား ကျွန်တော်မသိခဲ့ဘူး"
"အာ သခင်လေးက ဆရာလေးကို ပြောမပြခဲ့ဘူးပဲ ကျွန်မက ဆရာလေးကိုတော့ပြောပြပြီး ခွင့်တိုင်သွားမယ်ထင်နေတာ"
"အာ ကျွန်တော့်ကို ရိပေါ်လို့ပဲခေါ်ပါ ဆရာလေးလို့မခေါ်ပါနဲ့ ကျွန်တော်က ဒေါ်ကြီးရဲ့ သားအရွယ်လောက်ပဲရှိတာလေ"
"ဟုတ်ကဲ့ပါ ရိပေါ်လေး"
"ဒါနဲ့ ကိုကို့မေမေ အုတ်ဂူက ဘယ်မှာရှိတာလဲဟင်"
"......."
"ကျွန်တော်က ကိုကိုတခုခုဖြစ်နေမှာစိုးလို့လိုက်သွားမလို့မေးတာပါ"
"ဟုတ်ကဲ့ပါ အဲ့နေရာက.."

အုတ်ဂူရှေ့မှာထိုင်နေတဲ့ ရှောင်းကျန့်ကို မြင်ပေမဲ့ သူအဝေးကနေပဲကည့်နေမိသည် သူက
ရှောင်းကျန့်ရဲ့ခုလိုကြေကွဲနေတဲ့ပုံစံ မှိုင်တွေ ​နေတဲ့ပုံစံကို တခါမှမမြင်ဖူးပေ အင်း ရှောင်းကျန့် ​ လည်းအရမ်းပင်ပန်းရှာမှာပေါ့

ရိပေါ်ကြည့်နေရင်းကနေ ရှောင်းကျန့်မျက်ဝန်းထဲကမျက်ရည်တွေကျလာသည်ကို မြင်လိုက်ရသည်လေ

"မေမေ သားလေ သား.........တကယ်ကို အဆင်မပြေဘူး သားအဲ့လိုပြောဖို့ မရည်ရွယ်ထားပါဘူး မေမေ့ဆီလာရင် ဒီတိုင်းမေမေ့ကိုသားသိပ်လွမ်းနေကြောင်းတွေပဲပြောပြချင်ခဲ့တာပါ.... တကယ်ကို ပင်ပန်းလွန်းတယ်မေမေ သားမနေချင်တော့ဘူး မေမေ့ကသားကိုဘာလို့တစ်ခါထဲခေါ်မသွားရတာလဲ အင့် ဟင့် ဟင့်"

အူကြူး (Complete)Where stories live. Discover now