ep 4

2.3K 158 2
                                    

အတိတ်##

"ရှောင်းကျန့် မင်းလွန်မလာနဲ့နော်"
"ဘာလဲ မယားငယ်မို့ မယားငယ်လို့ပြောတာ ဘာမှားနေလို့လဲ "
"ဟက် မယားငယ်ဆိုပေမဲ့ ခုလက်ရှိ ငါက
မင်းအမေပဲ မင်းငါ့ကိုဘာမှပြန်ပြော ပိုင်ခွင့်မရှိဘူး"
"ဘယ်သူကခင်ဗျားကိုအမေအဖြစ် သတ်မှတ်ထားလို့လဲ"
"အေး ​သတ်မှတ်သည်ဖြစ်စေ မသတ်မှတ်သည်ဖြစ်စေ ဥပဒအေရ ငါကမင်းအမေပဲ ​ပြီးတော့ မင်းခုလို ရန်ဖြစ်တိုင်းလိုက်ရှင်းနေရအောင် ငါအားနေတာမဟုဘူး ရှောင်းကျန့်"
"Oh ကျေးဇူးတင်လိုက်တာဗျာ ခုလို လင်ပါသားအတွက်နဲ့ ရဲစခန်းထိလိုက်ပေးတဲ့ ဒီက အမေငယ်လေးကို ဟားဟား"
"ရှောင်းကျန့် မင်းအဖေကြောင့် ငါဒီလောက်သည်းခံနေတာ ရဲစခန်းကိုငါလိုက်ရတာ ဘယ်နှစ်ကြိမ်ရှိနေပြီလဲ"
"ခင်ဗျားကို ဘယ်သူကလိုက်ခိုင်းနေလို့လဲ"
"ဒီမယ် ရှောင်းကျန့် မင်းကသာ အလုပ်မရှိအကိုင်မရှိ ဘာမှမဟုတ်တဲ့ကောင်မို့ ခုလိုပြသနာရှာနိုင်ပေမဲ့ ငါကတော့ မင်းလိုမဟုတ်ဘူး ဟက် မင်းသိမှာပါ ဒီအသက်အရွယ်ဆို မင်းအတွက် ပေးထားတဲ့ မင်းအမေရဲ့ အမွေစာချုပ်က မ​င်းဆီမှာရှိနေရမှာ ဒါမဲ့ မင်းကခုလိုတွေဖြစ်နေလို့ ငါကမင်းအမွေတွေကို လက်ထဲထားပြီး ပျက်ဆီးမသွားအောင် ခိန်းသိမ်းနေရတယ်ဆိုတာ"
"ခင်ဗျား တောက်..... "
"မင်းကောင်းကောင်းနေမယ်လို့ငါမျော်လင့်ပါတယ် ဒါဆို ငါသွားပြီ"

ဖြစ်သမျှအကြောက်းအရာအားလုံးကို ရိပေါ်အကုန်ကြားနေရတယ် အင်း ခု ရိပေါ်က ထိုလူ့အခန်းရှေ့မှာ စာသင်ဖို့လာရင်း အခန်းထဲမဝင်ခင် စကားပြောသံကြားလို့ စောင့်နေမိရင်း အကုန်ကြားရခြင်းပင် ရိပေါ်နားမလည်နိုင်ပေ ဘာလို့ ရှောင်းကျန့်အမေပေးတဲ့အမွေတွေက  သူ့မိထွေးလက်ထဲမှာရှိနေရတာလဲ ဦးလေးဆီမှာ မဟုတ်ပဲနဲ့လေ ထားပါ ဒါတွေက ရိပေါ်သိစရာမှမလိုပဲ

"အော် မင်းက ရိပေါ်လား"

အခန်းထဲက ထွက်လာတဲ့ ထိုအမျိုးသမီး အမေးကို ရိပေါ်က

"ဟုတ်ပါတယ် "
"သူ့ကိုကောင်းကောင်းသင်ပေးလိုက်ပါဦး ဟက်"

ရွဲ့သလိိုလိုစောင်းသလိုလိုပြောသွားသော ထိုအမျိုးသမီးက ​ခသူမဟုတ်မှန်း ရိပေါ်ရိပ်မိပါ၏

အူကြူး (Complete)Where stories live. Discover now