ep 12

1.7K 127 2
                                    

အတိတ် ##

နောက်တစ်ပတ်နေရင် အူကြူးရဲ့မားကို ဖွင့်ပြောဖို့ စီစဥ်ထားတယ် အဲ့တော့ ခုထဲက ရှောင်းကျန့်က သူ့ပါးကိုလည်း ကြိုပြောထားဖို့ စဥ်းစားပြီးသား ဒီနေ့တော့ ရှောင်းအိမ်တော်ကို ပြန်လာဖို့ ပါးကိုဖုန်းဆက်ရဦးမယ် ရှောင်းကျန့်က မားဆုံးပြီးထဲက ပါးနဲ့စကားအပြောအဆိုသိပ်မရှိပေ ခုတော့အူကြူးကို မိစုံဘစုံနဲ့သာ လက်ထပ်ချင်တယ် ဒါကြောင့်ခွင့်ပြုချက်လိုသည်လေ

သူစဥ်းစားနေတုန်းမှာပဲ ပါးဆီကဖုန်းဝင်လာတယ် အံ့သြစရာပင် အရင်ဆို ဘယ်တုန်းကမှ သူ့ဆီစပြီးဖုန်းမဆက်ဘူးတဲ့ ပါးကသူ့ကိုဖုန်းဆက်နေတယ်လေ

"အင်း ပါး ပြော"
"ဒီညနေ အိမ်တော်ကို စောပြန်လာခဲ့ ပါးပြောစရာရှိလို့"
"အင်း အတော်ပဲ ကျွန်တော်လည်း ပြောစရာရှိတယ်"
"ဟုပြီ ပါးအိမ်ကနေစောင့်နေမယ်"
"ဟုတ်"

"ကိုကို "
"အင်း အူကြူး ကိုကိုဒီနေ့ လာမကြိုနိုင်လောက်ဘူး"
"ဘာလို့လဲ မေးလို့ရမလား"
"ရတာပေါ့ဗျ ဒီနေ့ ကိုယ့်ပါးက ပြောစရာရှိတာကြောင့် အိမ်စောစောပြန်လာခိုင်းလို့ ကိုကိုလာမကြိုတော့ဘူး ဒါမဲ့ ကြိုဖို့ ကိုကိုကားလွှတ်လိုက်မယ်"
"ရပါတယ် ကိုကိုရဲ့ ကျွန်တော် ကိုယ့်ဘာကိုပဲပန်လိုက်ပါ့မယ်"
"ကိုယ်စိတ်မချဘူးလေ အူကြူးရဲ့ စကားနားထောင်ကွာနော် ကိုယ်ကားလွှတ်လိူက်မယ်"
"ဟုပါပြီ ကိုကို့သဘောလေ"
"အင်း ချစ်တယ် အူကြူး"
"ကျွန်တော်ရောပဲ"

"ပါး ဘာပြောစရာရှိလို့လဲ"
"သားကို အိမ်ထောင်ချပေးမလို့"
"........."
"မင်းအမေ(မေမေလေး)ရဲ့ မွေးစားသမီးလေ
လုရီ ကိုမင်းသိတယ်မလား အဲ့ကောင်မလေးနဲ့ မင်းကို စေ့စပ်ပေးထားမလို့ "
"ပါးပြောစရာရှိတာ ဒါပဲလား"
"အင်း ဟုတ်တယ်လေ ဒါနဲ့ ပါးကိုပြောစရာရှိတယ်ဆို ဘာပြောမလို့လဲ"
"ကျွန်တော် လက်ထပ်တော့မယ်"
"ဘယ်လို ဘယ်သူ့နဲ့လဲ"
"ရိပေါ်နဲ့"
"ရှောင်းကျန့် မင်းရူးနေလား မင်းတို့က ယောကျ်ားလေးချင်းလေ ငါသတင်းတွေကြားတူန်းက မဟုတ်လောက်ပါဘူးထင်ခဲ့တာ ခုတော့ တကယ်ဖြစ်နေတာပဲ"
"........."
"ငါသဘောမတူနိုင်ဘူး ရှောင်းကျန့် ဒီတစ်ပတ်အတွင်းပဲ မင်း လုရီနဲ့စေ့စပ်ရမယ် ငါရက်သတ်မှတ်ပြီး မင်းကိုအကြောင်းကြားလိုက်မယ် "
"ကျွန်တော်က ခွင့်တောင်းနေတာမဟုတ်ဘူး အသိပေးနေတာ"
"ဘာ!!"
"ပါးလည်း ပါးသဘောအတိုင်း ယူချင်တဲ့လူကိုယူခဲ့တာလေ သားလည်း သားသဘောအတိုင်း သားယူချင်တဲ့လူကိုယူမယ် ပါးဝင်စွက်ဖက်စရာမလိုဘူး ပါးတုန်းကလည်း ကျွန်တော် ဘာမှမပြောခဲ့ဘူး ပြီးတော့ လုရီဆိုတဲ့ တစ်ယောက်နဲ့လည်း စေ့စပ်ထားစရာမလိုဘူး ကျွန်တော် လက်ထပ်မဲ့သူက အမြဲတယ်း ဝမ်ရိပေါ်ဆိုတဲ့ လူတစ်ယောက်ထဲပဲ ရှိတယ်"
"မင်းက ငါ့ကိုအာခံနေတာလား ရှောင်းကျန့်"
"ဟင့်အင်း အာခံတယ်လို့ပြောရအောင် ကျွန်တေယ်က ဘယ်တုန်းကများ ပါးစကားကိုနား​ေထာင်ခဲ့လို့လဲ"
"မင်း!"
"ကျွန်တော် အပြတ်ပြောပြီးပြီ အဲ့တော့ ခုကျွန်တော် နားတော့မယ် "
"ငါကလည်း ရအောင်တားမှာပဲ ရှောင်းကျန့် "
"ကျွန်တော်သေမှပဲ တားလို့ရလိမ့်မယ်"
"ရှောင်းကျန့်!"

အူကြူး (Complete)Where stories live. Discover now