ep 22

1.3K 117 14
                                    

"ကိုကို ဒီနေ့ ပိတ်ရက် ကျွန်တော်နဲ့ အပြင်လျောက်လည်ရအောင်"
"ကိုကိုမအားဘူးလေ အူကြူးရဲ့ ကုမ္ပဏီကိုသွားရဦးမှာ"
"ဟွန့် ကိုကိုအားမှသာဆို ကျွန်တော် ဘယ်မှသွားရမှာကို မဟုတ်​တော့ဘူး"
"နောက်တစ်ပတ်ပြီးရင် ရပါပြီ အူကြူးရဲ့
အဲ့ကျရင် ကိုကိုအားပြီ "
"ပိတ်ရက်​တောင် အလုပ်သွား​တယ် အလုပ်တွေကိုပဲချစ်နေလိုက် "
"အူကြူး ကိုကိုတကယ်မအားလို့ပြောနေတာလေကွာ မဆိုးစမ်းနဲ့"

ကိုကိုက သူ့ကိုစိတ်မရှည်သလိုပြောလာတယ်

"တောင်းပန်ပါတယ် ကျွန်တော် မှားသွားပါတယ်"

ရိပေါ်အပြောကြောင့် ရှောင်းကျန့်သူမှားသွားပြီဆိုတာသူသိလိုက်တယ် အလုပ်အမြန်အပြီးသက်နေရတာမို့ မအားတဲ့အချိန် အူကြူးကပူဆာလာတာမို့ သူစိတ်မရှည်လိုက်မိခြင်း

"မဟုတ်တာ ကိုကိုက..."
"ကျွန်တော်သိပါတယ် အလုပ်ကအရေးကြီးမှန်းကိုကိုအားမှသွားကြတာပေါ့ "

ပြောပြီးထွက်သွားတဲ့ အူကြူးကိုကြည့်ပြီးသူသက်ပြင်းလေးချမိတယ် ကုမ္ပဏီကိစ္စတွေကြောင့် ခေါ်ငးရှုပ်ရတဲ့အပြင် သူ့ကိုလိုတာထက်ပိုကပ်နေတဲ့ ကျိုးအိမ်တော်ကသားကျိုးဟန်ကြောင့် သူအမြန်အပြီးသတ်နေခြင်း အစကတော့ ရိုးရိုးတွေးခဲ့ပေမဲ့ နောက်ပိုင်း ရိပ်မိလာတာကြောင့် သူ
ကျိုးဟန်ကိုတက်နိုင်သလောက်ရှောင်နေရခြင်း

ကိုကိုက သူ့အပေါ်အရင်လိုမဟုတ်​တော့ဘူး တစ်ခါမှ အဲ့လိုစိတ်မရှည်တဲ့ပုံစံနဲ့မပြောဖူးတဲ့ကိုကိုက သူကိုပြောလာပြီ ကျွန်တော် ကိုကို့ကိုအဆုံးရှုံးမခံချင်ဘူး ကျွန်တော့်မှာကိုကိုပဲရှိတာ

"အူကြူး စိတ်ဆိုးသွားလား"
"ဟင့်အင်း မဆိုးပါဘူး ကျွန်တော်နားလည်ပါတယ်"
"ကိုကိုတကယ်မအားလို့ပါ နားလည်ပေးပါ နောက်ကျ ကိုကိုအူကြူးကို အချိန်ပိုပေးပါ့မယ်"
"အင်း ကျွန်တော်အိပ်ချင်နေပြီ "
"ဒါဆို goodnight အူကြူး"

သူ့ကိုရင်ခွင်ထဲသွင်းပြီး နဖူးကိုနမ်းပြီး အိပ်နေတဲ့ကိုကိုက အရင်ကလိုမဟုတ်​တော့ဘူး အရင်ကဆို ကျွန်တော်စိတ်ဆိုးရင် တန်းချော့တတ်တဲ့ကိိုကိုက ခု​တော့ မနက်ထဲကစိတ်ဆိုးတာတောင် ညမှချော့တယ်တဲ့ ရယ်ရတယ် နောက်မှအချိန်ပိုပေးမယ်တဲ့လား နောက်ဆိုတဲ့အထိ ကျွန်တော်တို့တူတူရှိနေရရင်ကောင်းမှာပဲ ကိုကို

အူကြူး (Complete)Where stories live. Discover now