ep 25

1.5K 127 9
                                    

တစ်နှစ်ခန့်ကြာသော်

"hyung hyung"
"အင်း ဝမ်လေး ပြော"
"ဒီနေ့ ကျွန်တော်ဆေးရုံမသွားရဘူး"
"အင်း hyung သိပြီးသားလေ"
"အဲ့ဒါ hyung နဲ့ ကုမ္ပဏီလိုက်ချင်တယ်"
"ဘာလိုက်လုပ်မှာလဲ ဝမ်လေးက"
"ဒီတိုင်း လိုက်ချင်လို့ပါဆို"
"ဒီနေ့တော့ မလိုက်နဲ့ ဒီနေ့က တရုတ်ဘက်က ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းမှုလုပ်မှာမို့ hyung အရင်ရက်တွေကလို ဝမ်လေးကို လိုက်ကြည့်မနေနိုင်ဘူး"
"ဟာ hyung ကလည်း ဝမ်လေးက ကလေးမှမဟုတ်တာ လိုက်ကြည့်နေစရာမလိုပါဘူး"
"မရဘူး hyung စိတ်မချဘူး"
"ဟင့် hyung ကလည်း လိုက်ခဲ့မယ်လို့နော် နော်"
"မရဘူး ဝမ်လေး ထပ်မပြောနဲ့တော့"
"ဟင့် ge ရေ ge"

sehun ကိုပြောမရတာနဲ့ luhan ဆီကိုတန်းသွားပူဆာတော့မယ်ဆိုတာ sehunသ်ိပြီးသား သူဒီကလေးကို မနိုင်ဘူးရယ်

"ge...."
"ge ကမီးဖိုထဲမှာဝမ်လေး"
"ဟင့် ge hyung ကလေ ဝမ်လေးကို...."
"ပြော hun က ဝမ်လေးကို ဘာလုပ်လိုက်တာလဲ ge သွားငေါက်လိုက်မယ်"
"ဝမ်လေးက ကုမ္ပဏီလိုက်ချင်တယ်လို့ပြောတာကို hyung ကမလိုက်ခိုင်းဘူး"
"အာ ဒီနေ့တော့ မလိုက်သွားပါနဲ့လား ဝမ်လေးရဲ့ hunကအားမှာမဟုတ်ဘူး"
"ဝမ်လေးက လိုက်သွားရုံပဲလေ ဘာမှမလုပ်ဘူး"
"ဒါမဲ့ ge လည်းစိတ်မချဘူးလေ ဝမ်လေးရဲ့"
"ဟင့်"

"အရမ်းလိုက်ချင်နေလို့လား ဝမ်လေးက"

ဧည့်ခန်းထဲမှာ TV ကြည့်နေတဲ့ sehunက မီးဖိုခန်းထဲဝင်လာရင်းမေးတယ်

"အင်း ဆေးရုံမသွားတဲ့ရက်လေးလိုက်တာကို hyung ကလည်း"
"........"
"အရင်ရက်တွေကဆို ge ကဆေးရုံကိုမလိုက်တော့ပဲ ဝမ်လေးကိုပဲ လွှဲထားတော့ တစ်ယောက်ထဲ ပင်ပန်းတယ်လေဗျာ "
"ပင်ပန်းထားတာကို ဒီနေ့ အိမ်မှာနေပြီးပဲနားလိုက်လေ"
"ပင်ပန်းထားလို့ လိုက်ချင်တာပေါ့လို့"

"hun ရယ်ခေါ်သွားလိုက်ပါ ဝမ်လေးကအရမ်းလိုက်ချင်နေတာပဲကို"
"ဒါဆို ge လည်းလိုက်ခဲ့"
"ဟင် ge ကဘာလို့လိုက်ရမှာလဲ "
"hun မအားတောင် geရှိနေတော့ ဝမ်လေးကို စိတ်ချတယ်လေ"
"ge လိုက်ခဲ့လေနော် "
"......"
"ge ge ရေ လိုက်ခဲ့ပါလို့"
"ဟုပြီ ဟုပြီ မင်းတို့နှစ်ယောက်ပြင်ထားနှင့် ကိုကို နေ့ခင်းစာ ထမင်းချိုင့်ပြင်လိုက်ဦးမယ်"
"ဟုတ် "

အူကြူး (Complete)Where stories live. Discover now