ep 17

1.4K 120 0
                                    

အတိတ်##

"ကိုကို့အူကြူးလေးကသိပ်တော်တာပဲကွာ"
"ဒါပေါ့ ကျွန်တော်ကဘယ်သူမို့လို့လဲ ဝမ်ရိပေါ်လေ တစ်ယောက်ထဲရှိတယ် သေချာပေါက်နိုင်ကိုနိုင်ရမယ်လေဗျာ "
"ဒါပေါ့ ဒါပေါ့ ဒီက ဝမ်ရိပေါ်လေးမှမနိုင်ရင် ဘယ်သူနိုင်မလဲလေနော့်"
"ဟုတယ် အမှန်ဆုံးပဲ ကိုကိုကသိပ်သိတာပဲ"
"ဟုပါပြီဗျာ"
"ညနေကျ အသင်းကအောင်ပွဲလုပ်ဖို့ခေါ်ထားတယ် အဲ့ဒါ ကိုကိုပါလိုက်ခဲ့ရမယ်နော်"
"အင်းပေါ့ လိုက်ခဲ့မှာပေါ့ ကိုကို့အူကြူးလေးကမခေါ်တောင် ကိုကိုကလိုက်မှာ"
"ဟွန့် ကိုကို့ကို အသင်းကလူတွေမသိတာမှမဟုတ်ပဲ အကုန်သိနေပြီပဲကို "
"သိသ်ိမသိသိ ကိုကိုကတော့ အူကြူးက ကိုကို့အပိုင်ဆိုတာ ပြရဦးမှာပဲ"
"ကိုကိုက ပိုကိုပိုလွန်းတယ်"
"ကျေးဇူးတင်ပါတယ်အူကြူး ခုလိုဘာမှမထိခိုက်ပဲ ပထမဆုကိုရယူပေးလို့"
"ကျွန်တော်ကိုကို့ကို ချစ်လွန်းလို့ ဘယ်လိုလုပ်ရမလဲဗျာ"
"ဟက် အလည်လေး ခု အိမ်ပြန်ပြီးနားမလား ဒီမှာပဲနေပြီး ညနေမှ အသင်းနဲ့တူတူစားသောက်ပြီး အိမ်ပြန်ချင်သလား"
"အင်း ဒီမှာပဲနေဦးမယ်လေ "
"ဟုပြီ ဒါဆို ကိုကို့အတွင်းရေးမှူး ကျန်းချန်ကိုထားခဲ့မယ် "
"ကိုကိုကဘယ်သွားမလို့လဲ"
"အရေးကြီးတဲ့အလုပ်ရှိသေးတာမို့ ကုမ္ပဏီကိုခဏသွားမလို့ပါ အူကြူး"
"ဟွန့် "

မျက်နှာလေးဆူပုပ်ပြီး တစ်ဖက်လှည့်သွားတာကြောင့် သူ့မှာအသည်းအသန် ဖြေရှင်းရပါသေးသည်လေ

"တကယ်ပါအူကြူးရယ် ကိုကိုအရေးကြီးအလုပ်ရှိနေလို့ပါ အသင်းစားသောက်ပွဲက ညနေ ၆နာရီမှမလား ကိုကိုအမှီလာခေါ်ပါ့မယ်"
"မသိဘူး"
"သိလိုက်ပါ ကလေးငယ်ရာ လိမ်မာပါတယ်နော်"
"ဟွန့် ကျန်းချန်ကော ကိုပါခေါ်သွား "
"မခေါ်ပါဘူး အူကြူးကိုစိတ်မချဘူး ကိုကိုနဲ့မရှိတဲ့အချိန် သူဘေးမှာရှိနေမှ ကိုကိုစိတ်ချမှာ"
"ကျွန်တော် ဘယ်မှ မသွားဘူး ဒီမှာပဲနေနေမှာမို့ စိတ်မချစရာမှမရှိတာကို ပြန်ခေါ်သွား"

အူကြူးအသံက ခက်မာမာလေးဖြစ်နေပြီမို့ အူကြူးသူ့ကိုအတော်စိတ်ဆိုးနေပြီမှန်းသူသိလိုက်ပြီ မတတ်နိုင် နောက်မှချော့ရတော့မှာပဲ

အူကြူး (Complete)Where stories live. Discover now