ep 2

3.7K 231 0
                                    

"ကိုကို" သူ့ကိုခေါ်ပြီး နောက်ကနေဖက်လာတဲ့ အူကြူးကြောင့်သူပြုံးမိသည် အူကြူးကအချွဲလေးပါဆို
"အင်း အူကြူးနိုးပြီလား"
"အင်း ကိုကိုကအစောကြီးထနေတာပဲ"
"ကိုကိုကအစောကြီးထတာမဟုပါဘူးကွာ အူကြူးကစောထလာတာပဲ ကိုကိုကအရင်လည်း ဒီချိန်ပဲထတာပါ"
"ဒါဆို ကျွန်တော်က စောထလာတာပေါ့လေ"
"အင်း မျက်နှာရောသစ်ပြီးပြီလား"
"ဟင့်အင်း ကိုကို့ကိုမတွေ့လို့ဆင်းလာတာ"
"ကိုကိုမနက်စာလုပ်တာလည်း ပြီးတော့မှာ
အူကြူးက မျက်နှာသွားသစ်​တော့ ကိုကို့စောင့်နေမယ်"
"အင်း "

မနက်ခင်းရေချိုးခန်းထဲဝင်ပြီဆိုတာနဲ့ ရိပေါ်က ပြုံးမိ​တော့တာပဲ ကိုကိုကသူ့ကိုဆို သိပ်အလိုလိုက်တယ် အလေးထားတယ် နေ့တိုင်း သွားတိုက်ဆေးထည့်ပေးထားတဲ့ သွားတိုက်တန်လေးရယ် ရေနွေးနွေးလေးရယ်က အမြဲ
အဆင်သင့်ရှိနေတတ်တာ

"အူကြူး စတော်ဘယ်ရီလား နာနတ်လား ရိုးရိုးအရသာနဲ့လား"
"အင်း ဒီနေ့တော့ စတော်ဘယ်ရီ "
"ရပြီ စားတော့ နွားနို့ကို ကုန်အောင်သောက်ရမာ်နော် အူကြူး"
"သိပါတယ် ကိုကိုရဲ့"

အင်း ထမင်းစားဝိုင်းရောက်ရင်လည်း ပြုံးရတာပဲကိုကိုက တကယ်ကို အပြစ်ပြောစရာမရှိအောင်ကို ကောင်းမွန်တဲ့ အိမ်ထောင်ဖက်ပဲ ခုလည်း ပေါင်မုန့်ကို စတော်ဘယ်ရီ သုပ်ထားပြီး သူတစ်ခါတစ်ခါ စားစာလေးပြင်ပေးထားတာ နွားနို့ကိုလည်း သူကိုယ်တိုင်သေသေချာချာကျိုပြီး သကြားကိုလည်းအချိန်အဆနဲ့ထည့်ပေးထားတာ အချိုမကြိုက်တဲ့ကျွန်တော့အကျင့်ကြောင့်လေ

"အူကြူးက တော်လိုက်တာ နက်ခ်တိုင်ကို သေချာစည်းပေးတတ်နေပြီ"

ဒါကတော့ ကျွန်တော့ရဲ့တခုထဲသော အလုပ်ပါလေ ကိုကိုအလုပ်သွားနီးတိုင်း ပြင်ဆင်ပေးရခြင်းပေါ့ အင်း ကျွန်တော်သိပ်သဘောကျပါရဲ့

"ဒါပေါ့ ကျွန်တော် အရင်ရက်တွေတုန်းက
U tubeကနေ သေချာကိုလေ့လာထားတာ"
"ကိုယ့်အူကြူးက အတော်ဆုံးပဲ ကိုယ့်ကို morning kissလေးပေးပါဦး"
"မွ "သူ့အပြောကြောင့် သူ့နှုတ်ခမ်းလေးကို လာနမ်းတဲ့အူကြူးပါလေ အင်း အရင်ကဆို ဒီလိုအနမ်းရဖို့မပြောနဲ့ အိပ်ခန်းထဲတောင် ပေးမဝင်ဘူးရယ်
"ကိုကို အကုန်ပြင်ပေးပြီးပြီ သွားတော့မယ်မလား"
"အင်း "

အူကြူး (Complete)Where stories live. Discover now