"တို့ရဲ့ ကောင်မလေးဖြစ်ပေးပါ Jane"
အမျိုးသမီးရဲ့ ပခုံးပေါ် ပါးလေးအပ်ကာ မှီနေရာကနေ နဖူးထက်သို့ တယုတယနဲ့ ကျရောက်လာတဲ့ ခပ်နွေးနွေးအနမ်းတစ်ပွင့်ကို လက်ခံရရှိလိုက်တဲ့အချိန်မှာ မျက်လုံးတွေကို မှိတ်ချလိုက်မိသည်။ ထို့နောက် အမျိုးသမီးရဲ့ ဩရှရှ လေသံတိုးတိုးကိုလည်း တိလင်းစွာ ကြားလိုက်ရသေးသည်။
မှိတ်ချထားတဲ့ မျက်လုံးတွေကို ပြန်ဖွင့်ပြီး နားထဲကြားလိုက်မိတဲ့ စကားသံကို ပြန်လည် စီစစ်နေချိန်မှာပဲ အမျိုးသမီးဟာ ဝတ်ထားတဲ့ Long-Coat အင်္ကျီကြီးထဲ Jennie ကို ခပ်တင်းတင်းပွေ့ဖက်ကာ ထုတ်ပိုးထားရင်း စကားတစ်ခွန်းကို ထပ်ဆိုသည်။ ထိုစကားဟာ Jennie သိပ်ကြားချင်ခဲ့ပင်မယ့် မမျှော်လင့်ရဲခဲ့တဲ့ စကားသာဖြစ်သည်။
"တို့တစ်ယောက်ထဲသာပိုင်တဲ့ ချစ်သူကောင်မလေးအဖြစ် အနားမှာရှိနေပေးပါလား Jane"
ဖွင့်ပြောနေတာမျိုးမဟုတ်ဘဲ တောင်းဆိုနေတဲ့ လေသံမျိုးဖြစ်သည်။ ရင်ခုန်ခြင်းများစွာနဲ့ အမျိုးသမီးကို မော့ကြည့်လိုက်တော့ မျက်ဝန်းတွေထဲမှာ Jennie အပေါ် မြတ်နိုးကြင်နာမှုတွေရှိနေတာကို အကြည့်ချင်းဆုံရုံဖြင့် ခံစားလိုက်ရပါသည်။
ဘု ရား ရေ ....
ဒီအမျိုးသမီးက မျက်ရည်တွေဝဲနေတာတဲ့လေ။ Jennie ကိုဖွင့်ပြောပြီး မျက်ရည်တွေဝဲနေခဲ့တာ။ အမျိုးသမီးက သိပ်လှတာပဲ သိလား။
"ဒီစကားတွေကိုပြောဖို့ အကြောက်တရားတွေကို တွန်းကန်ပြီး တို့ဘက်က အားတွေအများကြီး ယူထားရတာ Jane ရဲ့။ တစ်ခုခုတော့ ပြန်ပြောပေးပါဦးကွယ်"
ရင်ခွင်ထဲကနေ မျက်နှာကိုမော့ကြည့်ရင်း ငေးမြဲတိုင်း ငေးနေတဲ့ Jane ဟာ တုပ်တုပ်မျှမလှုပ်တော့ Jisoo ငိုချင်လာမိသည်။ ချည်နှောင်မိနေတဲ့ သံယောဇဉ်ကြိုးတွေကို အမှတ်မှားနေတာလို့များ ကလေးငယ်က ထင်သွားလေမလား။ Jisoo အနေနဲ့ ဖွင့်ပြောလိုက်တာ မှားသွားပြီလားလို့ နောင်တတွေ ရနေမိပင်မယ့် ပြုံးပြလာတဲ့ မျက်နှာလေးကြောင့် စိတ်သက်သာရာ ရသွားခဲ့သည်။
"ကျွန်မ အခု ..."
"အရမ်းအံ့ဩနေတာ"
ပြုံးပြလာခြင်းနှင့်အတူ Jisoo ရဲ့ပါးကို လက်ဖဝါးနဲ့ အုပ်မိုးကာကိုင်ရင်း လက်မလေးနဲ့ ပွတ်သပ်နေတဲ့ Jane ဟာ မျက်ဝန်းတွေကို စိုက်ကြည့်လာခဲ့သည်။
YOU ARE READING
Tied to you,with love bond
Fanfictionရစ်ပတ်နှောင်ဖွဲ့တတ်တဲ့ အဖြူရောင်ကြိုးအမျှင်လေး တစ်ခုရယ်ပါ။ နူးညံ့စွာ စီးမျှောပျော်ဝင်ပစ်လိုက်ဖို့အတွက် ထိုက်တန်လွန်းတဲ့ အကြောင်းတရားလေးဟာ မျက်ခွံပေါ်က မှဲ့နက်လေးကနေ အစချီပြီး ဖြစ်တည်မှုအားလုံးနဲ့ အဆုံးသတ်ရမှာပါပဲ။ - Kim Jisoo - သစ်သားခြံစည်းရိုး အ...