အိမ်ရှေ့ကိုရောက်သည်နှင့် ကားပေါ်ကနေ အမြန်ဆင်းကာ အမျိုးသမီးဘက်က ကားတံခါးကို ချော်မလဲရုံတမယ် သွားဖွင့်ပေးရသည်အထိ Jennie ၏ စိတ်တွေဟာ ပြာယာခတ်လို့နေခဲ့သည်။ ကားပေါ်ကနေ လက်တစ်ဖက်ကမ်းပေးရင်း ပြုံးစိစိနဲ့စိုက်ကြည့်လာတဲ့ အမျိုးသမီးကြောင့် ကိုယ့်အခြေအနေကိုယ် ပြန်သတိထားမိကာ အရှက်ပြေ ချောင်းတစ်ချက်ဟန့်ရသေးသည်။"ဧည့်သည်ရောက်နေတာလားမသိဘူး"
အိမ်တံခါးရော ခြံတံခါးရောပွင့်နေတယ်ဆိုပေမယ့် အမျိုးသမီးဟာ အံ့ဩဟန်မပြ။ ကြည့်ရတာ ဆွေမျိုးသားချင်းတွေများ ရောက်နေကြတာလား။
"မြေးလေး နေမကောင်းဘူးလား"
အမျိုးသမီးကို ပခုံးကနေ တွဲပြီး အိမ်ထဲခေါ်လာသည့်အခါ ဧည့်ခန်းထဲမှာထိုင်နေတဲ့ အဘွားတစ်ယောက်ဟာ ပြာပြာသလဲနဲ့ အနားကို ရောက်ချလာသည်။ အမျိုးသမီးရဲ့ အဘွားများလား။ မနက်ကတော့ မတွေ့မိပါဘူး။
"နေကောင်းပါတယ် အဘွားရဲ့။ ခေါင်းလေး နဲနဲမူးနေလို့ပါ"
အမျိုးသမီးဆီက အဖြေစကားကိုကြားတော့ အဘွားက ကျွန်မကို စူးစမ်းသလိုနဲ့ကြည့်လာသည်။
"Jane အဘွားကို နှုတ်ဆက်လိုက်ပါဦး"
ဥပဓိရုပ်ကောင်းကောင်းနှင့်အဝတ်အစားတွေကို သပ်ရပ်စွာဆင်မြန်းထားသည့်ထိုအဘွားအား ခါးလေးညွန့်ကာ အရိုအသေပေးလိုက်မိသည်။ ခါးညွန့်တယ်ဆိုတာကလည်း ပေတိပေစောင်းပုံစံနဲ့ အနည်းငယ်မျှသာ။ Jennie Kim ဟူသည့် လူမျိုးက မည်သူ့ဆီမှာမှ ဦးညွတ်လေ့မရှိခဲ့။
"တွေ့ရတာဝမ်းသာပါတယ် Jennie Ruby Jane Kim လို့ခေါ်ပါတယ်"
"အမလေးတော် တယ်ရှည်လိုက်တဲ့နာမည်ပါလား"
အဘွားရဲ့ ရယ်သံနှောနေသည့် အသံကြောင့် အမျိုးသမီးက ကျွန်မကို လှမ်းကြည့်ရင်း ပြုံးပြလာသည်။ ထိုအပြုံးကိုမြင်မှ Jennie လည်းသဲ့သဲ့လေးပြုံးလိုက်မိသည်။
"ကဲ သွားနားကြတော့လေ။ အဘွားလည်းပြန်လိုက်ဦးမယ်"
အမျိုးသမီးရဲ့ ပခုံးကိုပုတ်ပြီး ပြောလာတဲ့ အဘွားဟာ အိမ်တံခါးဝဆီသို့ ခြေလှမ်းတွေ ဦးတည်ရင်း မျက်နှာကလည်း ခပ်ပြုံးပြုံး။ အဘွားကိုကြည့်ရတာ သဘောမနှောကောင်းမည့်ပုံ။
أنت تقرأ
Tied to you,with love bond
أدب الهواةရစ်ပတ်နှောင်ဖွဲ့တတ်တဲ့ အဖြူရောင်ကြိုးအမျှင်လေး တစ်ခုရယ်ပါ။ နူးညံ့စွာ စီးမျှောပျော်ဝင်ပစ်လိုက်ဖို့အတွက် ထိုက်တန်လွန်းတဲ့ အကြောင်းတရားလေးဟာ မျက်ခွံပေါ်က မှဲ့နက်လေးကနေ အစချီပြီး ဖြစ်တည်မှုအားလုံးနဲ့ အဆုံးသတ်ရမှာပါပဲ။ - Kim Jisoo - သစ်သားခြံစည်းရိုး အ...