"အန်တီတောင် ပြန်သွားတာကြာပြီ။ Jennie ကိုလည်း ပြန်သွားပြီပဲထင်နေတာ"Company ထဲကနေ နှစ်ယောက်အတူတူ ထွက်နေရင်း Chaeyoung ပြောသော စကားသံ။
"အင်း အလုပ်ထဲမြောသွားလို့သတိမထားမိလိုက်တာ"
ရုတ်တရက် ခြေလှမ်းတွေကိုရပ်ပစ်လိုက်တဲ့ Chaeyoung ကြောင့် ဘာဖြစ်တာလဲဆိုပြီး သူ့ကိုလှမ်းအကြည့်
" အိုမို ! Kim Jisoo Shii ? "
Chaeyoung ရဲ့ အထိတ်အလန့်စကားသံကြောင့် Jennie ကြောင်အ သွားမိသည်။
"ဘာပြောလိုက်တာ"
"ဟိုမှာလေ Kim Jisoo "
Chaeyoung ရဲ့လက်ညိုးညွန်းရာကို ကြည့်လိုက်တော့ လက်ထိုးဆွယ်တာ အညိုရောင်လေးနဲ့ ဘောင်းဘီအနက်လေးကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးရဲ့အလှဟာ အဝေးကနေ မြင်ရတာတောင် သိပ်ကိုအေးချမ်းလွန်းလှသည်။ Company ရဲ့မျက်စောင်းထိုးနားက သစ်ပင်လေးနားမှာ ကားအဖြူရောင်လေးကို ကျောမှီပြီး မတ်တပ်ရပ်နေတာ။
"Jennie ဆီလာတာထင်တယ်"
"အင်း ဟုတ်မယ်ထင်တာပဲ"
စိတ်ထဲကနေ ကြိတ်ပျော်နေမိတာကိုတော့ မည်သူမှမသိနိုင်။ အမျိုးသမီးက တကယ်ဆိုးတာပဲ။ လူကို ရင်ခုန်အောင် သိပ်လုပ်တတ်လွန်းတယ်။
"Jisoo yaa "
Jennie ရဲ့ ခေါ်သံကြောင့် ပြုံးခနဲဖြစ်သွားတဲ့ Jisoo ကို Chaeyoung အံ့ဩသင့်နေမိသည်။ အရမ်းကို ရင်းနှီးနေတဲ့ အသုံးအနှုန်းမျိုးဆိုတော့လေ။
"ဘေးကသူငယ်ချင်းထင်တယ်"
Chaeyoung ကို ကြည့်ပြီး မေးလာတဲ့ အမျိုးသမီးရဲ့ မျက်ဝန်းတွေထဲမှာ ပုံမှန်နဲ့မတူတဲ့ အရိပ်တချို့နဲ့။ ဘာအရိပ်လဲဆိုတော့ အူတွေတိုနေတဲ့ အရိပ်။
"မာမီ့ရဲ့ အတွင်းရေးမှူး Park Chaeyoung တဲ့"
ဒီလိုပြောသည်အထိ အမျိုးသမီးရဲ့မျက်နှာဟာ ခပ်တင်းတင်းပဲ။
"ကျွန်မနဲ့ဆို ညီအစ်မဝမ်းကွဲလည်း တော်သေးတယ်"
ထိုစကားကိုကြားမှ တွန့်ချိုးထားတဲ့ မျက်ခုံးတန်းတွေဟာ ပြေလျော့သွားပြီး စိတ်ပါလက်ပါ ပြုံးသွားနိုင်သူဟာ Jennie ရဲ့အမျိုးသမီးသာဖြစ်သည်။
ESTÁS LEYENDO
Tied to you,with love bond
Fanficရစ်ပတ်နှောင်ဖွဲ့တတ်တဲ့ အဖြူရောင်ကြိုးအမျှင်လေး တစ်ခုရယ်ပါ။ နူးညံ့စွာ စီးမျှောပျော်ဝင်ပစ်လိုက်ဖို့အတွက် ထိုက်တန်လွန်းတဲ့ အကြောင်းတရားလေးဟာ မျက်ခွံပေါ်က မှဲ့နက်လေးကနေ အစချီပြီး ဖြစ်တည်မှုအားလုံးနဲ့ အဆုံးသတ်ရမှာပါပဲ။ - Kim Jisoo - သစ်သားခြံစည်းရိုး အ...