အပိုင်း ( ၂၉ )

4.1K 537 71
                                    


"မာမီ စိတ်ချမယ်နော်။ ဘယ်သွားသွား Chaeyoung မပါဘဲ မသွားရဘူး"

"ဟုတ်ကဲ့ပါ မာမီရဲ့"

မာမီနဲ့သာ စကားပြောနေပေမယ့် မျက်လုံးတွေဟာ လေယာဉ်ကွင်းထဲဝင်လာမယ့် တစ်စုံတစ်ယောက်ကိုသာ အသည်းအသန်ရှာဖွေနေမိသည်။

"Jennie သွားရအောင်လေ"

"ခဏလေးပါ Chaeyoung"

Jennie ရဲ့အဖြစ်ကိုကြည့်ပြီး ပြုံးစိစိဖြစ်နေတဲ့ မာမီဟာ ဘယ်သူ့ကိုစောင့်နေသလဲဆိုတာ သိနေသည့်ပုံ။ Jennie အိပ်ယာက နိုးတော့ အမျိုးသမီးဆီ ဖုန်းဆက်ခဲ့ပေမယ့် စက်ပိတ် ထားတယ်တဲ့လေ။ ညတုန်းက သီချင်းဆိုပြရင်းနဲ့ ဖုန်းအားကုန်သွားတာထင်ပါရဲ့။ Jennie ဆိုးသမျှ၊ ဂျီကျသမျှတွေကိုအပြုံးတွေနဲ့ လိုက်လျောပေးတတ်တဲ့ အမျိုးသမီးဟာ အခုလည်းပဲ Jennie ဆီကို မရောက်ရောက်အောင် လာလိမ့်မယ်ဆိုတာ ခံစားနေမိခဲ့ပြန်တယ်။ အမျိုးသမီးက ငါ့ကိုသိပ်ချစ်တာ ဆိုတဲ့ ယုံကြည်ချက်လေးနဲ့တင်။

"လေယာဉ်ချိန်ပြောင်းပေးရမလား nini "

"ဟင့်အင်း မာမီ ရတယ်။ အမျိုးသမီး အမှီလာမှာပါ"

ထိုအချိန်မှာဘဲ လူတွေအများကြီးကြားထဲကနေ ထင်းခနဲမြင်လိုက်ရတဲ့ အလှတရားလေးဟာ Jennie ရှိရာဆီကို တည့်မတ်စွာပြေးလာလို့နေပြီ။

"nini စိတ်ထိန်းဦးနော်။ ဒါလေယာဉ်ကွင်း"

နားနားကပ်ကာ တိုးတိုးလေးပြောသွားတဲ့ မာမီ့ရဲ့စကားကြောင့် ပြုံးရသေးသည်။ အမျိုးသမီးဟာ Jennie တစ်ယောက်ထဲကိုပဲ ကြည့်ရင်းနဲ့ ပြေးလာနေတာဖြစ်သလို Jennie လည်းပဲ ခပ်လှမ်းလှမ်းက အမျိုးသမီးကိုသာ စိုက်ကြည့်နေရင်း မာမီ့နားကပ်ကာ ခပ်တိုးတိုးစကားကို ဆိုလိုက်ရသည်။

"စိတ်မထိန်းနိုင်လို့ နမ်းလိုက်မိရင်ရော မာမီ"

"သတင်းတွေထွက်လာရင် မာမီ ရှင်းပေးမို့ Kim Jisoo ကို လုပ်ချင်သလိုသာ လုပ်ပစ်လိုက်တော့ ငါ့သမီးရေ"

ထိုအဖြေစကားကြောင့် မာမီ့ကို အလန့်တကြားကြည့်လိုက်တော့ မျက်စိတဖက်မှိတ်ပြပြီး ပြုံးပြနေလေရဲ့။

ရိုးရှင်းလှသည့် အဖြူရောင်ခေါင်းစွပ်အင်္ကျီလေးနှင့် ဒူးခေါင်အထိရှည်လျားတဲ့ အနွေးထည်ခဲရောင်ကို ဘောင်းဘီအနက်လေးနဲ့ တွဲဖက်ဝတ်ဆင်ထားသည့် အမျိုးသမီးဟာ ဘာမှပြင်ဆင်ခြယ်သထားခြင်းမရှိပါဘဲနဲ့ လှရက်လွန်းနေတာများ Jennie ကို ရောဂါတွေ ပိုပိုတိုးအောင် ပြုစားနေသလိုပါပဲ။

Tied to you,with love bondDonde viven las historias. Descúbrelo ahora