အပိုင်း ( ၃၉ )

8.1K 698 163
                                    


နှလုံးသားရဲ့ လိုလားနေမှုကို ရှေ့တန်းတင်လိုက်ရင်ကောင်းမလား။ ဒီလိုနဲ့ စိတ်ဒဏ်ရာတွေ ထပ်ရသွားရင်ရော။ တစ်နေ့ တစ်နေ့ တွေးတောနေခဲ့မိတဲ့ တွန့်ဆုတ်ခြင်းတွေပါပဲ။

တချို့သော လမ်းတွေဆီကို သွားချင်တဲ့ စိတ်ဆန္ဒတွေ ပြင်းပြနေလဲ ဖြစ်ချင်တာထပ် ဖြစ်သင့်တာကို ဦးစားပေးလိုက်ရတဲ့ စိတ်ပိုင်းဖြတ်မှုတွေရဲ့ နောက်ကွယ်မှာ စတေးခံလိုက်ရတဲ့ မျက်ရည်တွေမှ အများကြီးရယ်ပါ။

ဆေးရုံကနေဆင်းပြီး ပုံမှန်လူတစ်ယောက်လို Company အလုပ်တွေ ပြန်လုပ်နေပြီဆိုတာ သိရတော့ အတိုင်းမသိ ဝမ်းသာရပြန်တယ်။

အသက်အရွယ်လေးရလာတော့ ဒီကလေးလဲ ရင့်ကျက်လာခဲ့ပြီ။ တနည်းပြောရရင် ဟန်ဆောင်တက်လာတယ်ပေါ့။

ရင့်ကျက်ခြင်းရဲ့ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ ဟန်ဆောင်မှုတွေရှိနေသလို ဟန်ဆောင်မျက်နှာဖုံးရဲ့ နောက်ကွယ်မှာလဲ နာကျင်မှုတွေ များစွာရှိနေတက်ပါတယ်။

ကလေးငယ်လေးလိုပေါ့။ အရင်တုန်းကဆို သွားသေးသေးလေးတွေပေါ်လာသည်အထိ ပြုံးရီနေတက်သလောက် အခုများတော့ နေကာမျက်မှန်ကို သွားလေရာတပ်ပြီး တည်ကြည်နေတဲ့ မျက်နှာထားကို လူအများဟာ ထိုကဲ့သို့ ဝေဖန်လာကြတယ်။ အပင်မြင့်တော့ ချေမိုးနေလိုက်တာတဲ့လေ။

မျက်မှန်ရဲ့အောက်က ဝမ်းနည်းကြေကွဲနေတဲ့ မျက်ဝန်းတွေကို လူတွေမမြင်နိုင်ကြပေမယ့် Jisoo ကတော့ သိနှင့်နေခဲ့ပါတယ်။ ဘယ်လောက်ပဲ ခက်ထန်မာကျောတဲ့ မျက်နှာထားဖြစ်နေပါစေ စိတ်အတွင်းပိုင်းရဲ့ ခံစားမှုတွေဟာ မျက်ဝန်းတွေထဲမှာတော့ ထင်ဟပ်ပေါ်လွင်နေတက်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ အပြစ်ကင်းဆုံးနဲ့ အရိုးသားဆုံးဖြစ်တဲ့ မျက်လုံးအကြည့်တွေက ဘယ်လိုမှလိမ်ညာလို့မရနိုင်ဘူးလေ။

ဆွယ်တာအင်္ကျီအညိုလေးကို ခပ်တင်းတင်းဆွဲစေ့ပြီး သက်ပြင်းချလိုက်မိတယ်။ ခြံထဲမှာ ထွက်ထိုင်နေတာလဲ နာရီအတော် ကြာနေပြီဆိုတော့ ပျက်ယွင်းနေတဲ့ စိတ်အခြေအနေကြောင့် ဒီခန္ဓာကိုယ်ကြီးက ရောဂါလက္ခဏာတွေ စပြလာလေပြီ။ ချမ်းစိမ့်စိမ့်နဲ့ နေရတာသိပ်တော့အဆင်မပြေလှ။

Tied to you,with love bondWaar verhalen tot leven komen. Ontdek het nu