အပိုင်း ( ၃၆ )

3.6K 554 75
                                    


နေ့စဉ် နေ့တိုင်း တိမ်တွေကို ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်။ တူညီတဲ့ ကောင်းကင်ပြင်ရဲ့နေရာတစ်ခုတည်းကို နေ့ရက်တိုင်း မှတ်တမ်းတင်ခဲ့ပေမယ့် နေ့ရက်တိုင်းမှာ ပေါ်လာခဲ့တဲ့ တိမ်တွေဟာ ပုံစံတွေ မတူညီနေခဲ့ဘူး။

"တို့ကိုလွမ်းရင် တိမ်တွေကိုငေးပါ ကလေး"ရယ်လို့ ပြောခဲ့ဖူးတဲ့ အဲ့ဒီမိန်းမကို မုန်းပစ်ချင်လိုက်တာ။

တိမ်တွေကိုချစ်တဲ့ မိန်းမတစ်ယောက်က တိမ်တွေလို ပြုမူသွားခဲ့တာ မဆန်းပါဘူးလေ။ တိမ်တွေလိုပဲ အပြောင်းအလဲမြန်တဲ့လူလို့ သူ့ကို ပြောပစ်ချင်လိုက်တာ။

ဒီနေ့နဲ့ဆို လေးရက်တောင်ရှိခဲ့ပြီ။ ဒီအိပ်ယာထဲမှာ ဆေးပိုက်တွေနဲ့ နေခဲ့ရတာပေါ့။ အိမ်ရဲ့မလှမ်းမကမ်းလေးနားမှာ အမြဲလိုလိုပေါ်လာတတ်တဲ့ ကားအနက်ရောင်ကို Jennie ဥပေက္ခာပြုပြီး နေနိုင်ခဲ့တယ်ထင်ပါတယ်။ ပြတင်းတံခါးရဲ့ အကွယ်လေးကနေ ခိုးကြည့်မိရုံက လွဲရင်ပေါ့လေ။

သူနဲ့ပတ်သက်လာရင် စောက်မှတ်သည်းခြေမရှိပဲ ခံစားလွယ်ပြီး နုနယ်လှတဲ့ ဒီနှလုံးသားက သိပ်ကိုမုန်းတီးပစ်ဖို့ကောင်းတယ်။ ကားပေါ်ကနေ သူများ ဆင်းလာလေမလားလို့ မျှော်လင့်တကြီး ငေးကြည့်နေခဲ့ပေမယ့် သူ ထွက်မလာခဲ့ပါဘူး။

အဆင်ပြေနေရဲ့လားလို့ မေးဖို့လာကြည့်တာလား။ ဒါမှမဟုတ် ဒုတိယအကြိမ်မြောက် အလဲထိုးမှုမှာ တကယ်သေဆုံးသွားပြီလားဆိုတာကို အတည်ပြုဖို့ လာခဲ့တာလားလို့ မျက်နှာချင်းဆိုင် မေးချင်မိပါတယ်။

"အအေးပတ်မယ်လေ သမီးရယ်။ ဘာလို့ ပြတင်းပေါက်ကို ဖွင့်ထားပြန်တာလဲ"

"လေကောင်းလေသန့် ရချင်လို့ပါ"

Jennie ရှိနေသေးတယ် ဆိုတဲ့အကြောင်း မသေသေးဘူး ဆိုတဲ့အကြောင်း သူသိအောင်လို့ ဒီပြတင်းတံခါးကို တမင်တကာ ဖွင့်ထားပေးတာမှန်း သူ တကယ်ရော သိမှသိရဲ့လား။

ဒီလိုလုပ်လိုက်လို့ သူများ စိတ်သက်သာရာ ရလေမလားဆိုပြီး နောက်ဆုံးအထိ သူ့အတွက်ပဲ တွေးပေးနေမိတာပါ။ အဲ့လောက်အထိ သူ့အပေါ်ကို ချစ်နေခဲ့မိတာ။

Tied to you,with love bondDonde viven las historias. Descúbrelo ahora