အပိုင်း ( ၁၅ )

4.1K 572 88
                                    


စိတ်ကူးယဉ်ဆန်ပြီး အချစ်ကိုဦးစားပေးတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို Jennie မကြည့်ခဲ့ဖူးဘူး။ မင်းသားနဲ့မင်းသမီး အီစီကလီ လုပ်နေကြတာမြင်ရင် စောက်ပိုတွေပါလို့ စိတ်ထဲတွေးမိပြီး အောကလီဆန်ချင်သလို ခံစားလာမိလို့။ အခုလက်ရှိ ဘာတွေ ဘယ်လို ပြောင်းလဲသွားသလဲ သေချာမသိပေမယ့်Jennie ဆီမှာထူးခြားတဲ့ ပြောင်းလဲမှုတချို့ ဖြစ်ပေါ်နေပြီလို့ ခံစားနေရတယ်။

တစ်ကြိမ်တစ်ခါလေးတောင်မှ မကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားမျိုးကို ထိုင်ကြည့်နေမိတာ စိတ်လိုလက်ရနဲ့။ ဇာတ်လမ်းကျောရိုးက အချစ်ကိုအခြေခံထားတယ်ဆိုပါတော့။ မင်းသားနဲ့ မင်းသမီးက ဟန်းဖုန်းတွေရှိနေပါလျက်နဲ့ လက်ရေးနဲ့ ရေးသားထားတဲ့စာကိုသာ အပြန်အလှန်ပေးပို့ပြီး ဆက်သွယ်ကြတာတဲ့လေ။

ရုပ်ရှင်အနေနဲ့မို့ပါ။ အဓိပ္ပါယ်မှ ရှိမနေတာ။ အရင်တုန်းက Jennie Kim အနေနဲ့သာဆို လူ့ဂွစာတစ်ယောက်ပမာ ကန့်လန့်တိုက်ပြီး အဲ့လိုတွေးမိမှာ အသေအချာ။

ဒီရုပ်ရှင်ကို အဘွားလာပို့ပေးတဲ့ နေ့လယ်စာ စားပြီးကတည်းက Jennie ထိုင်ကြည့်နေမိတာ။ မင်းသားနဲ့ မင်းသမီးနေရာမှာ သူမနဲ့အမျိုးသမီးရဲ့ လက်ရှိအဖြစ်အပျက်ကို မြင်ယောင်နေမိလို့ ဒီရုပ်ရှင်ကို အစအဆုံးကြည့်ဖြစ်ဖို့ စိတ်ပိုင်းဖြတ် ထားတယ်။ တကယ်တော့ ဘယ်လိုမျိုး ဇာတ်သိမ်းသွားမလဲဆိုတာကို သိချင်ရုံ သက်သက်ရယ်ပါ။ ကုတင်ပေါ်မှာထိုင်ကာ ခေါင်းအုံးလေးကိုဖက်ထားရင်း တချို့သော ဇာတ်ဝင်ခန်းတွေကြောင့် Jennie မှိုင်တွေသွားမိတာလဲ အမှန်ပါပဲ။

အသက်တွေကြီးသွားကြတဲ့အခါ ဟောင်းနွမ်းနေပြီဖြစ်တဲ့ တချိန်တုန်းက စာရွက်အခေါက်လေးတွေဟာ မျက်ရည်တွေကို ဖြစ်ပေါ်လာစေပါလားလို့ Jennie တွေးမိပြီး ခေါင်းအုံးအောက်က ဒိုင်ယာရီစာအုပ်ကြားထဲမှာရှိတဲ့ အမျိုးသမီးပေးပို့ထားသည့် စာလေးတွေကို မျက်လုံးဝေ့ကာ လှမ်းကြည့်မိသည်။

နောင် အနှစ် ၂၀ လောက်ကြာသွားတဲ့အခါ ဒီစာလေးတွေနဲ့ Jennie ဟာ ဘယ်လိုမျိုး ပတ်သက်မှု အောက်မှာရောက်နေလေမလဲ တွေးကြည့်မိပြီး စောက်ကျိုးနဲ မျက်ရည် ဝဲလာမိတယ်။

Tied to you,with love bondWhere stories live. Discover now