"နောက်နှစ်ရက်လောက်နေရင် ဂျပန်မှာပွဲလုပ်ရမှာနော်။ နင်မေ့နေမှာစိုးလို့"Hye Jin ရဲ့စကားကိုကြားမှ သတိလက်လွတ် ငေးနေမိတဲ့ မနက်စာဆီကနေ အကြည့်တွေ လွှဲရသည်။ ဒီမနက်စာကို ထိုင်ကြည့်နေမိတာ အချိန်တွေ ဘယ်လောက်တောင် ကြာသွားတယ်မသိ။ ကော်ဖီပူပူတွေကလဲ အေးစက်လို့နေလေပြီ။
"မေမ့ပါဘူး"
Jisoo လိမ်ပြောလိုက်ခြင်းသာဖြစ်သည်။ တကယ်က သူဒီပွဲကို သတိကို ရမနေခဲ့တာပါ။ Jisoo ရဲ့စိတ်ကို Jane ကဘဲ အချိန်တိုင်း စိုးမိုးနေခဲ့တာ။ သူ ဒီကလေးကို ဘယ်လောက်ထိတောင် တွယ်တာနေမိတာလဲ။
"မမေ့ဘူးသာပြောတယ် လူကစိတ်နဲ့ကိုယ်မကပ်"
အသားပြားကို ခရင်းနဲ့ ထိုးဖဲ့နေတဲ့ Jisoo ဟာ စိတ်မပါတဲ့ လှုပ်ရှားမှုတွေနဲ့။ သူ့ကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချမိသူမှာ Hye Jin သာဖြစ်သည်။
"ဒီနေ့ ဘယ်သွားဦးမလဲ ငါလိုက်ပို့ပေးမယ်"
"ဘယ်မှမသွားဘူး အိမ်ထဲမှာဘဲနေချင်လို့။ ဒါရိုက်တာနဲ့ပြောစရာရှိတာတွေ နင်ဘဲတာဝန်ယူလိုက်"
" Jisoo yaa နင် တကယ်ပဲ ဘာဖြစ်နေတာလဲ"
သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးဖြစ်တဲ့ Hye Jin ဟာ ကျွန်မအနားမှာ မန်နေဂျာလိုတစ်မျိုး အစ်မလိုတစ်မျိုး စောင့်ရှောက်ပေးခဲ့သည်။ လွန်ခဲ့တဲ့ နှစ်တွေကတည်းကပေါ့။ အခုလဲ အားမလိုအားမရဖြစ်ကာ ပြောလာပေမယ့် Jisoo ဟာ မတုန်မလှုပ်။
"ဘာမှမဖြစ်ပါဘူး"
"ငါ့ကိုလာမလိမ်နဲ့ Jisoo နင့်မျက်နှာကိုကြည့်တာနဲ့ ငါသိတယ်။ ဘာလဲ ရည်းစားပူ မိနေတာလား"
စနောက်တဲ့သဘောနဲ့ ပြောလိုက်တာဖြစ်ပေမယ့် အသားတုံးကို ဓားနဲ့လှီးနေတဲ့ Jisoo ရဲ့ လက်တွေဟာ ရပ်တန့်သွားသည်။ မျက်ဝန်းတွေဟာတွေ ဝေသွားသည်။ အရင်ကသိခဲ့ဖူးတဲ့ jisoo မဟုတ်တော့သလို။ တည်ငြိမ်ပြတ်သားတဲ့ မိန်းမက ဒီအတောအတွင်း ဘာတွေများဖြစ်ခဲ့တာလဲ။
"Jisoo တကယ်ကြီး နင်တကယ် ရည်းစားရနေတာလား။ ငါမရှိတဲ့ တစ်လအတွင်းမှာ နင်ဘာတွေဖြစ်ခဲ့တာလဲ"
YOU ARE READING
Tied to you,with love bond
Fanfictionရစ်ပတ်နှောင်ဖွဲ့တက်တဲ့ အဖြူရောင်ကြိုးအမျှင်လေး တစ်ခုရယ်ပါ။ နူးညံ့စွာ စီးမျှောပျော်ဝင်ပစ်လိုက်ဖို့အတွက် ထိုက်တန်လွန်းတဲ့ အကြောင်းတရားလေးဟာ မျက်ခွံပေါ်က မှဲ့နက်လေးကနေ အစချီပြီး ဖြစ်တည်မှုအားလုံးနဲ့ အဆုံးသတ်ရမှာပါပဲ။ - Kim Jisoo - သစ်သားခြံစည်းရိုး အ...