အပိုင်း ( ၂၀ )

5.9K 634 82
                                    


Jisoo ရဲ့ အိမ်အတွင်းက ဆိုဖာပေါ်တွင်ဖြစ်သည်။ အဖွားရဲ့ဆိုင်ကနေ အိမ်ကိုပြန်ရောက်ရောက်ချင်း အနားကနေ လုံးဝမခွာတော့တဲ့ Jane လေးဟာ အခုလဲဘဲ ကပ်ချွဲလို့နေပြန်ပါတယ်။

"ဒီလိုလေးပဲ အမြဲတမ်းနေချင်လိုက်တာ"

ဆိုဖာလက်တင်တဲ့နေရာကို ကျောပေးကာ ခြေဆင်းပြီးထိုင်နေတဲ့ Jisoo ရဲ့ ရင်ခွင်ထဲ၌ သူမရဲ့ ကလေးငယ်ကို ထွေးပွေ့ကာ ဖက်ထားရင်း ခပ်တိုးတိုးလေး ထွက်ပေါ်လာတဲ့ ထိုစကားသံဟာ Jane ဆီက ဖြစ်သည်။

Jane ဟာ အသက်အရွယ်အရ အချစ်ကို ကိုးကွယ်တက်သည့် အရွယ်ဖြစ်တဲ့အပြင် ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြီး ပထမဆုံးအနေနဲ့ ခံစားဖူးတာဖြစ်တာကြောင့် စိတ်၏အလိုကို သိပ်ပြီး ထိန်းသိမ်းနိုင်ပုံမရ။ အချစ်နွံထဲ ကျွံနေတဲ့ ဆယ်ကျော်သက် ကဲ့သို့ပင်။

"အချိန်တစ်ခုရောက်လာရင် နေရမှာပေါ့ Jane ရယ်"

"ဘယ်လိုမျိုး အချိန်တစ်ခုလဲ"

Jisoo ကိုကျောပေးကာ ရင်ခွင်ထဲ မှီနေရာကနေ အနောက်ကို လှည့်ကြည့်ပြီး မေးလာတဲ့ Jane ကြောင့် ထိမိသွားတဲ့ နဖူးပြင်နဲ့ Jisoo ရဲ့ နှုတ်ခမ်းပါးဟာ အံ့ဝင်ဂွင်ကျစွာ။

"ရင့်ကျက်တည်ငြိမ်ပြီး ကိုယ်ပိုင်အလုပ်အကိုင်နဲ့ အရာရာကို ဦးဆောင်နိုင်တဲ့ Jennie Kim ဖြစ်လာတဲ့အခါကျရင်ပေါ့။ အဲ့အချိန်ကျရင် တို့နှစ်ယောက်ကို Jane ရဲ့မာမီလဲ သဘောတူ ကြည်ဖြူလာမှာ"

"အခုလက်ရှိ ကျွန်မကရော ? အဲ့ဒီအရည်အချင်းတွေ ရှိမနေလို့ အမျိုးသမီးက အတူတူမနေချင်တာလား"

ကိုယ်ပြောလိုက်တဲ့ စကားရဲ့ အဓိပ္ပါယ်ကို ကလေးငယ်က အထအနကောက်ပြီး အထင်လွဲသွားမည်စိုးတာကြောင့် Jane ရဲ့ပါးနှစ်ဖက်ကို လက်ဖဝါးထဲထည့်ရင်း အနူးညံ့ဆုံး မျက်ဝန်းတွေနဲ့ စိုက်ကြည့်လိုက်သည်။

"အဲ့လို မဟုတ်ရပါဘူး Jane ရယ်။ Jane ရဲ့အနာဂတ်ကို အကောင်းမွန်ဆုံးဖြစ်အောင် ဖန်တီးရဦးမယ်လေ။ တို့အနားမှာဘဲနေနေရင် Jane မှာ တိုးတက်လမ်းမရှိတော့ဘူး။ Jane ရဲ့မာမီလဲ လက်ခံနိုင်မှာမဟုတ်ဘူး။ သင်ထားတဲ့ပညာတွေကို အသုံးချရဦးမယ်လေ။ ထက်မြက်တဲ့ Jennie Kim လေးကို တို့ကိုယ်တိုင်လဲ မြင်ချင်သေးတယ်။ နော် ... တို့ရဲ့စကားကို အထင်မလွဲလိုက်ပါနဲ့ "

Tied to you,with love bondWhere stories live. Discover now