သောကြာနေ့ည ရောက်လာလေတိုင်း စနေနေ့ရဲ့ မနက်ခင်းကို ကြိုတွေးပြီး အပျော်တွေနဲ့ ဖြတ်သန်းရဖို့ စိတ်ကူးယဉ်နေမိတဲ့ ကျောင်းသားဘဝ ကလေးတစ်ယောက်ပမာ စိတ်တွေက သစ်လွင်လို့နေသည်။Jennie ဖြတ်သန်းရတော့မယ့် နေ့ရက်တွေတိုင်းက ကလေးတွေ လိုချင်တောင်းတနေကြတဲ့ သောကြာနေ့တွေထက် ပို၍ကောင်းမွန်တော့မည်။ ပို၍ ကြည်နူးစရာကောင်းတော့မည်ဖြစ်သည်။
"အမျိုးသမီးကတော့ တကယ်ပါပဲ။ တကယ်ကို ရူးလောက်တဲ့အလှတရားလေး"
နံဘေးနားမှာ နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ ပုံရိပ်လွှာလေးကို မေးထောက်ကာဖြင့် ငေးကြည့်နေမိသည်။ တညလုံး Jennie ရဲ့ ရင်ခွင်ထဲမှာပဲ အပူအပင်ကင်းစွာနဲ့ အိပ်ပျော်နေခဲ့တဲ့ အမျိုးသမီးလေးရဲ့ မျက်နှာသွင်ဟာ သိပ်ကိုအေးချမ်းလွန်းနေသည်။ နဖူးပြင်ပေါ် ဝဲဖြာကာကျနေတဲ့ ဆံစတချို့အား လက်ဖျားလေးနဲ့သပ်တင်ပေးပြီး မျက်ခုံးတန်း နှစ်ဖက်ကို ထိကိုင်မိသည်။
ထို့နောက် နှာတံ လုံးလုံးစင်းစင်းလေး။ တိကျသေသပ်တဲ့ အနားသပ်တွေနဲ့ အသည်းပုံနှုတ်ခမ်းပါးပါးလေး။
ဒုက္ခပါပဲ။ တစိမ့်စိမ့်ကြည့်လေ အချစ်တွေက ပိုတိုးလေနဲ့ Jennie တော့ ရူးရပါတော့မယ်။ ဒီအလှတွေရဲ့ ညို့ယူမှုအောက်မှာလေ။
အသည်းယားလွန်းစွာဖြင့် ကိုယ့်နှုတ်ခမ်းကိုယ် ကိုက်ခဲထားရာကနေ မနေနိုင်တော့တဲ့အဆုံး အဲ့ဒီနှုတ်ခမ်းပါးလေးကို ဖိကပ်နမ်းပစ်ပြီး အောက်နှုတ်ခမ်းကို ခပ်ဖွဖွစုပ်ယူ ငုံ့ထွေးကာ ကိုက်မိတဲ့အခါ ထွေးပွေ့လာတဲ့ လက်တွေဟာ Jennie ရဲ့ လည်တိုင်တွေပေါ်မှာ။
"လူဆိုးမလေးနော် အိပ်ပျော်နေတဲ့လူကို"
အပေါ်စီးကနေ အုပ်မိုးထားမိတဲ့ Jennie ကို ငေးကြည့်နေတဲ့ မျက်ဝန်းလေးတွေက နွေဦးရဲ့ ရောင်စဉ်နုနုလေးလိုပဲ။ Jennie ရဲ့စိတ်တွေ သိပ်ကိုပျော်ရွှင်နေပါတယ်။
"အိမ်မက်လို့ထင်နေမိတဲ့ ဒီအခိုက်အတန့်က အိမ်မက်မဟုတ်ပဲ တကယ့်လက်တွေ့ဆိုတာကို သိလိုက်ရတော့ ကျွန်မ အရမ်းပျော်တာပဲ အမျိုးသမီးရယ်"
YOU ARE READING
Tied to you,with love bond
Fanfictionရစ်ပတ်နှောင်ဖွဲ့တတ်တဲ့ အဖြူရောင်ကြိုးအမျှင်လေး တစ်ခုရယ်ပါ။ နူးညံ့စွာ စီးမျှောပျော်ဝင်ပစ်လိုက်ဖို့အတွက် ထိုက်တန်လွန်းတဲ့ အကြောင်းတရားလေးဟာ မျက်ခွံပေါ်က မှဲ့နက်လေးကနေ အစချီပြီး ဖြစ်တည်မှုအားလုံးနဲ့ အဆုံးသတ်ရမှာပါပဲ။ - Kim Jisoo - သစ်သားခြံစည်းရိုး အ...