[ နှောင်ကြိုးလေးထံသို့ ဒုတိယမြောက်ပေးစာ ]"ညက အိပ်လို့ပျော်တယ်မလား။ တို့ရဲ့ Rivers Flow in you ကို နားထောင်ပြီး အိပ်တယ်ဆိုတာ Jane မပြောလည်း တို့ သိနေတယ်"
မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ အဲ့ဒီသီချင်းကို ဖွင့်ပြီးမှ မျက်နှာသစ်တာပါလို့ အဲ့ဒီအမျိုးသမီး သိအောင်ပြောပြရဦးမည်။ အခုလည်း မနက်စာ စားနေရင်း အခန်းထဲ ထိုသံစဉ်လေးဟာ ပျံ့လွင့်လို့နေသည်။ လက်ထဲမှာလည်း အမျိုးသမီးဆီကနေ ဒုတိယအကြိမ်အနေနဲ့ ရောက်ရှိလာတဲ့ စာလေးကို ဖွင့်ဖတ်လို့နေမိ၏။ တကယ်ကို ပြီးပြည့်စုံစေတဲ့ မနက်ခင်းလေးပါပဲ။
"ဒီနေ့မနက်စာကို Jane ကြိုက်တဲ့ ပေါင်မုန့်နဲ့ ကြက်ဥကြော်ကို စားထားတယ်။ Jane ရော မနက်စာတော့ ကောင်းကောင်းစားရမယ်နော်"
ကြက်ဥကြော်ကို ခရင်းနဲ့ ခပ်ယူရင်း ပါးစပ်ထဲ ရောက်ခါနီးကျမှ Jennie ဟက်ခနဲ ရယ်ချလိုက်မိသည်။
"ကျွန်မလည်း အခု ပေါင်မုန့်နဲ့ ကြက်ဥကြော်ကို စားနေတာ အမျိုးသမီးရဲ့"
"ဒီစာကို Jane ဖတ်နေတဲ့အချိန်လောက်ဆိုရင် တို့ အပြင်ကိုရောက်နေလောက်ပြီ။ ဒီနေ့ အလုပ်တွေအရမ်းများတယ် Jane ရယ်"
ကော်ဖီကို လှမ်းယူကာ တစ်ငုံ့သောက်လိုက်ရင်း ထိုစာကြောင်းကြောင့် သက်ပြင်းချမိသည်။ အတူရှိခဲ့စဉ်အခါတုန်းက အမျိုးသမီးဆီကနေ ဒီလို ငြီးထွားသံမျိုး တစ်ခါလေးတောင်မှ မကြားမိခဲ့။ ဘယ်လောက်ပဲ အလုပ်တွေများနေပါစေ Jennie ကိုတော့ဖြင့် အပြုံးတွေကိုပြသရင်း ပျော်ရွှင်စေခဲ့တာ။ ဒီရက်တွေမှာစိတ်ရော လူရော ပင်ပန်းနေပြီဆိုတာကို Jennie ခံစားမိပါတယ်။
"အမျိုးသမီးတော့ ပင်ပန်းနေတော့မှာပဲ"
စာရွက်လေးကိုကိုင်ရင်း ထုံးစံအတိုင်း ပြတင်းပေါက်နားမှာ မတ်တပ်ရပ်နေမိသည်။ ခပ်ပါးပါး ရင်စေ့အနွေးထည်လေးကို ဝတ်ဆင်ထားထားမို့ လေအဝှေ့မှာ စိမ့်ခနဲ အေးသွားပေမယ့် ရင်ထဲနွေးနေတယ်။
"Jane အကြောင်းတွေ တွေးလိုက်ရင် ဘယ်လောက်ပဲ အလုပ်တွေရှုပ်ရှုပ် ပြုံးမိတယ်သိလား။ အဲ့တာလည်း ဆေးတစ်မျိုးပဲနော်"
ESTÁS LEYENDO
Tied to you,with love bond
Fanficရစ်ပတ်နှောင်ဖွဲ့တတ်တဲ့ အဖြူရောင်ကြိုးအမျှင်လေး တစ်ခုရယ်ပါ။ နူးညံ့စွာ စီးမျှောပျော်ဝင်ပစ်လိုက်ဖို့အတွက် ထိုက်တန်လွန်းတဲ့ အကြောင်းတရားလေးဟာ မျက်ခွံပေါ်က မှဲ့နက်လေးကနေ အစချီပြီး ဖြစ်တည်မှုအားလုံးနဲ့ အဆုံးသတ်ရမှာပါပဲ။ - Kim Jisoo - သစ်သားခြံစည်းရိုး အ...