သံစဉ်လေးတစ်ပုဒ်ကို recommend ပေးချင်ပါတယ်။ ဒီအပိုင်းကို မဖတ်ခင် yiruma ရဲ့ remember ဆိုတဲ့ စန္ဒယားသံစဉ်လေးကို YouTube ကနေပဲဖြစ်ဖြစ် ရှာပြီး နားထောင်စေချင်ပါတယ်။ အဲ့ဒီသံစဉ်လေး နားထဲစွဲနေတဲ့အခါ အပိုင်း (၃၄) ကို ဖတ်ရင် ပိုပြီးလိုက်ဖက်မှုရှိစေမယ်လို့ ထင်မိလို့ <3
📬
[enképhaline]
နာကျင်မှုကို ထိန်းချုပ်သည့် ဦးနှောက်အတွင်းရှိ ဓာတ်ကြီးတစ်မျိုး မရှိတော့ဘဲ ရှင်သန်နေထိုင်ရတော့မယ့် မိန်းကလေးတစ်ယောက်။
—
မိုးတိမ် မိုးသားတွေနဲ့ ထိစပ်လု နီးနီးဖြစ်နေတဲ့ တောင်ကုန်းလေးတစ်ခုပေါ်က သစ်ပင်ကြီး တစ်ပင်ရဲ့အောက်မှာ ခရမ်းရောင်အုတ်ဂူလေးရယ်။ စန္ဒယားအဖြူရောင်လေး တစ်လုံးရယ် . . .
ပြီးတော့ . . .
မတ်တက်ရပ်လျက် သေဆုံးနေတဲ့ မိန်းကလေးတစ်ယောက်ရယ်။
ထိုမိန်းကလေးလက်ထဲမှာ ကိုင်ဆောင်လာတဲ့ ပန်းစည်းလေးနာမည်က lily of the valley တဲ့။
"အမျိုးသမီး အရမ်းကြိုက်တဲ့ ဒီပန်းလေးတွေကို တစ်ခါမှမပေးခဲ့ဖူးပေမယ့် တကယ်တမ်း ပေးရတဲ့ အခါကျတော့ . . ."
ဆက်မပြောနိုင်တော့ဘူး။ Jennie တကယ် ဆက်ပြောဖို့ အင်အားတွေ မရှိတော့ပါဘူး။
"ဒီပန်းလေးရဲ့အဓိပ္ပါယ်က မင်းကငါ့ဘဝကို ပြီးပြည့်စုံသွားစေတယ်တဲ့ ..."
ပြုံးရယ်လိုက်တဲ့အခါ မျက်ရည်တွေဖိတ်စင်ကာ ကျလာတယ်။
"အမျိုးသမီးကြောင့် ကျွန်မရဲ့ဘဝကြီး ပြည့်စုံခဲ့ဖူးပါတယ်။ လူဖြစ်ရတာ သိပ်ကောင်းတာပဲလို့ တွေးမိတဲ့အထိ ပျော်ရွှင်ခဲ့ဖူးတယ်။ ဒါပေမယ့် အမျိုးသမီး သိရဲ့လား။ လူသေတာထက် စိတ်သေတာက ပိုဆိုးတယ်ဆိုတာ။ ကျွန်မရဲ့ဘဝက အခုဆိုရင် ရှင်လျက်နဲ့ သေဆုံးနေခဲ့ရပါပြီ"
အုတ်ဂူလေးပေါ်ကို ထိုပန်းစည်းလေးချပေးပြီးတိမ်တွေကို မော့ကြည့်ဖြစ်တယ်။ ဒီနေ့ တိမ်တွေ သိပ်လှနေတယ်လို့ ကျွန်မ ဘယ်တော့မှ ပြောဖြစ်မှာမဟုတ်တော့ပါဘူး။
ESTÁS LEYENDO
Tied to you,with love bond
Fanficရစ်ပတ်နှောင်ဖွဲ့တတ်တဲ့ အဖြူရောင်ကြိုးအမျှင်လေး တစ်ခုရယ်ပါ။ နူးညံ့စွာ စီးမျှောပျော်ဝင်ပစ်လိုက်ဖို့အတွက် ထိုက်တန်လွန်းတဲ့ အကြောင်းတရားလေးဟာ မျက်ခွံပေါ်က မှဲ့နက်လေးကနေ အစချီပြီး ဖြစ်တည်မှုအားလုံးနဲ့ အဆုံးသတ်ရမှာပါပဲ။ - Kim Jisoo - သစ်သားခြံစည်းရိုး အ...