"အန်တီအဆင်ပြေမယ်ဆို ကျွန်မနဲ့တွေ့လို့ရမလား"Jisoo ရဲ့ အမေးစကားအဆုံးမှာ တဖက်ကနေ ဖြေကြားလာတဲ့ စကားသံဟာ အေးတိအေးစက်။
"ကောင်းပြီလေ။ တွေ့ကြတာပေါ့"
ဖုန်းကို ချက်ချင်းချသွားတဲ့ Mrs.Kim ကြောင့် Jisoo စိတ်ထဲ ခုသွားမိတာတော့ အမှန်ပင်။ သို့ပင်မယ့် ပြန်လည်ပေးပို့လာတဲ့ လိပ်စာတစ်ခုကို မြင်ပြီးမှသာ နှုတ်ခမ်းတွေက ကွေးညွတ်သွားရတာ။
လူဂုဏ်ထံအသိုင်းအဝိုင်းတွေအတွက် သီးသန့်ဖွင့်ထားတဲ့ စားသောက်ဆိုင်ဟု ခေါ်ဆိုရလောက်သည်အထိ အပြင်ပန်းကနေ ကြည့်ရုံနဲ့တင် ခမ်းနားမှုဟာ ကြက်သီးထစရာပင်။
ထိုအဆောက်အဦးရှေ့ကို ရောက်ရှိလာသည့် ကားအဖြူရောင်တစ်စီးရဲ့ ခမ်းနားနေမှုဟာလည်း အထဲကနေ လိုက်ပါစီးနှင်လာမည့်သူကို စိတ်ဝင်တစားငေးကြည့်စေရန် လုံလောက်စေခဲ့၏။ ထိုကားပေါ်ကနေ ဆင်းလာသည့် ဖြူဥနေတဲ့ ခြေတံသွယ်သွယ်တွေကိုမြင်ရုံနဲ့တင် ငေးကြည့်လာကြတဲ့ မျက်ဝန်းတွေဟာ အများအပြား။
ရိုးရိုးရှင်းရှင်း ပုလဲနုရောင် ကိုယ်ကြပ်ဂါဝန်အတိုနှင့် ဒေါက်ဖိနပ်အနီရဲရဲလေးကို ဝတ်ဆင်ထားသည့် Kim Jisoo ဟာ လှပချောမောသည်ထက်ပို၍ ကျက်သရေရှိလွန်းလှသည့် အမျိုးသမီးပင်ဖြစ်သည်။ ပိုက်ဆံအိတ်အဖြူရောင်ကို လက်မှာချိတ်ဆွဲရင်း ခပ်ရဲရဲဆိုးလာတဲ့နှုတ်ခမ်းနီနှင့် အထူးတလည် ပြင်ဆင်လာခဲ့တဲ့ မိတ်ကပ်အပါအဝင် ဖြောင့်စင်းနေတဲ့ ခပ်ညိုညိုဆံနွယ်တွေဟာ သူမရဲ့အလှတရားကို တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးပေးနေသယောင်။
"အိုမို ! အဲ့တာ Kim Jisoo မလား"
"ဒီမှာ ပွဲလုပ်မို့လားမသိဘူး"
"သူလှတယ်ဆိုတာ အခုမှပဲယုံတော့တယ်"
သမင်လှည်ပြန် ငေးမောရင်းကျန်ရစ်ခဲ့ရတဲ့ ယောကျ်ားထုကြီးဟာ Kim Jisoo ထံက အရေးတယူ အဖက်လုပ်ခြင်းကို အကြည့်လေးနဲ့တောင်မှ မရရှိခဲ့ပေ။
မိန်းမချင်းတောင် အကြည့်တွေ မခွာနိုင်လောက်သည်အထိ ခန္ဓာကိုယ်ကောက်ကြောင်းသိပ်လှသည့် ထိုအမျိုးသမီးဟာ ပေါင်အထက်သာရှိတဲ့ ကိုယ်ကြပ်ဂါဝန်နှင့် ရူးသွပ်ချင်စရာကောင်းလောက်အောင် လှပလွန်းနေသည်မှာ ငြင်းရက်စရာမရှိပေ။
YOU ARE READING
Tied to you,with love bond
Fanfictionရစ်ပတ်နှောင်ဖွဲ့တတ်တဲ့ အဖြူရောင်ကြိုးအမျှင်လေး တစ်ခုရယ်ပါ။ နူးညံ့စွာ စီးမျှောပျော်ဝင်ပစ်လိုက်ဖို့အတွက် ထိုက်တန်လွန်းတဲ့ အကြောင်းတရားလေးဟာ မျက်ခွံပေါ်က မှဲ့နက်လေးကနေ အစချီပြီး ဖြစ်တည်မှုအားလုံးနဲ့ အဆုံးသတ်ရမှာပါပဲ။ - Kim Jisoo - သစ်သားခြံစည်းရိုး အ...