အပိုင်း ( ၆ )

5.6K 702 63
                                    


Jennie အိပ်ယာကနိုးတော့ အမျိုးသမီးရဲ့အရိပ်အယောင်ကို လုံးလုံးမျှ မမြင်ရ။ အိမ်ထဲမှာလည်းမရှိသလို ခြံထဲမှာလည်းမတွေ့။ နောက်ဆုံး အမျိုးသမီးသွားနေကြဖြစ်တဲ့ နေရာလေးတစ်ခုဆီသို့ အပြေးတပိုင်းလာခဲ့မိသည်။ ထိုနေရာလေးဟာ အိမ်ရဲ့အနောက်ဘက်က စမ်းချောင်းငယ်လေးဖြစ်ပြီး အဲ့ဒီနေရာလေးကို လာတဲ့အခါတိုင်း ကျွန်မကို အဖော်ခေါ်သွားလေ့ရှိသည်။

စမ်းချောင်းလေးရဲ့ဘေးက သစ်သားထိုင်ခုံလေးပေါ်မှာ စာအုပ်ထိုင်ဖတ်လေ့ရှိတဲ့ အဲ့ဒီအမျိုးသမီးရဲ့ပုံရိပ်ဟာ သိပ်ကိုအေးချမ်းတာ။ သူ့အနားမှာထိုင်ရင်း ဂိမ်းဆော့နေကြဖြစ်ပေမယ့် တည်ငြိမ်လှတဲ့ သူ့ရဲ့မျက်နှာကို ငေးနေခဲ့ရလို့ Game Over ဖြစ်ခဲ့ရတဲ့ ပွဲတွေလည်း မနည်းလှ။

"ဘယ်တွေသွားနေတာလဲ တကယ်ပါပဲ"

Jennie အိမ်ထဲကိုပြန်ဝင်လာကာ ဆံပင်တွေကိုထိုးဖွလိုက်ရင်း ငြီးတွားလိုက်မိသည်။ အလုပ်ကိစ္စရှိလို့ အပြင်သွားရမယ်ဆိုလဲ ကျွန်မကိုအသိပေးပြီးမှ အမျိုးသမီးကသွားနေကြပါ။ ဘောင်းဘီအိတ်ထဲကဖုန်းကို အလောတကြီးထုတ်လိုက်မိပေမယ့် သူ့ရဲ့ ဖုန်းနံပါတ် မရှိသေးတာကိုသတိရသွားတော့ Jennie ဟက်ခနဲ ရယ်ချလိုက်မိသည်။ သူနဲ့ အတူနေတာ ရက်ပေါင်းနှစ်ဆယ်တောင် ပြည့်တော့မည်။ အခုထိ ဖုန်းနံပါတ်ချင်း မလဲရသေးဘူး။ ရယ်တော့ ရယ်ရသား။ ဒါပေမယ့် ဟုတ်တော့လည်းဟုတ်ပြန်သည်။ အမြဲတမ်း အတူတူရှိနေရတာဆိုတော့ ဖုန်းနံပါတ်တွေက အသုံးမှမလိုခဲ့တာ။

"ချာတိတ်လေး နိုးနေပြီလား"

ကားစက်ရပ်သံရဲ့အဆုံးမှာအိမ်ထဲဝင်လာသည့် ရင်းနှီးနေတဲ့ ခြေသံတစ်ခုနှင့်အတူ နားထဲဝင်လာတဲ့ ခပ်ဩဩအသံလှိုင်းကြောင့် ရင်ထဲသိမ့်ခနဲတုန်သွားပြီး မပြေးရုံတမယ် အနားကိုသွားလိုက်မိသည်။

"ဘယ်တွေသွားနေတာလဲ အမျိုးသမီးရဲ့။ ဘာလို့ ပြောမသွားတာလဲ"

ချွေးတွေရွဲနေတဲ့ ချာတိတ်ဟာ ပါးပြင်နှစ်ဖက်စလုံး နီမြန်းလို့နေသည်။ ကျွန်မကို ဒေါသထွက်နေတာလား စောစောစီးစီး။

"တို့က မင်းအတွက်မုန့်တွေသွားဝယ်နေတာ"

လက်ထဲကမုန့်ထုပ်တွေကို မြှောက်ပြရင်းပြောတော့ ချာတိတ်က မျက်စောင်းထိုးကာကြည့်လာတယ်။

Tied to you,with love bondWhere stories live. Discover now