ဒီအရုပ်လေးကို လိုချင်လိုက်တာလို့ တွေးနေစဉ်မှာပဲ အခြားလူတစ်ယောက်က ငွေပေးပြီး ဝယ်သွားတာမျိုး Jennie ငယ်ငယ်က ခဏခဏကြုံခဲ့ဖူးသည်။ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ ဘိုမရုပ်လေးကို လှလွန်းလို့ ငေးကြည့်နေစဉ်မှာပဲ Jennie ထပ်အရင် လက်ဦးမှု ရသွားတဲ့ ကောင်မလေးတစ်ယောက်ကို စိတ်တွေတိုခဲ့ဖူးသည်။ ဒယ်ဒီ့ကိုလည်း အဲ့ဒီအရုပ်လေးကို လိုက်တောင်းပေးဖို့ တဂျီဂျီ ပူဆာခဲ့ဖူးသည်။ အဲ့တုန်းက ဒယ်ဒီ့ပြောခဲ့တဲ့ စကားလေးတခွန်းကို Jennie အခုထိမမေ့နိုင်သေးဘူး။"တစုံတခုကို ပိုင်ဆိုင်ချင်လိုက်တာဆိုပြီး ငေးကြည့်ရုံသာ ငေးကြည့်နေရင် ဆုံးဖြတ်ချက် ပြတ်သားတဲ့လူနဲ့ ယှဉ်ပြိုင်လာတဲ့အခါ ကိုယ်ကရှုံးနိမ့်သွားမှာပဲ။ သမီးနဲ့ဟိုကလေးမလေးလိုပေါ့။ သမီးက လိုချင်တယ်ဆိုပြီး အလှကြည့်နေတဲ့အချိန်မှာပဲ ဟိုကလေးမက သူ့မိဘတွေကို ပြောပြီး ဝယ်ပြီးသွားပြီ။ နောက်ဆို မှတ်ထား။ ဘယ်ကိစ္စမှာမဆို ဆုံးဖြတ်ချက်ပြတ်သားဖို့လိုတယ်။ တွေဝေနေရင် အနောက်မှာပဲ ကျန်ခဲ့ရလိမ့်မယ်"
ဒယ်ဒီ့ဟာ Jennie ကို စိတ်ဓာတ်တွေ မာကျောလာအောင် သင်ပေးခဲ့တဲ့လူဖြစ်သလို လိုချင်တာတွေ ၊ ဖြစ်ချင်တာတွေကို မရ ရအောင် ဖန်တီးယူတတ်တဲ့ ခပ်ဆိုးဆိုး မိန်းကလေးဖြစ်အောင်လည်း အရမ်းကို အလိုလိုက်ခဲ့ဖူးပါသည်။
ဒီလိုအချိန်မှာ ဒယ်ဒီသာရှိနေရင် Jennie နဲ့ အမျိုးသမီးအကြောင်းကို ရင်ဖွင့်မိမှာအသေအချာ။ သမီးထက် အသက်ငါးနှစ်ကြီးတဲ့ အမျိုးသမီး တစ်ယောက်ကို အရမ်းချစ်မိနေလို့ သိပ်လှတဲ့ အဲ့ဒီအမျိုးသမီးကို အဆုံးရှုံး မခံနိုင်လို့ အပိုင်သိမ်းပစ်လိုက်ပြီ ဒယ်ဒီလို့ပြောလိုက်တဲ့အခါ လိုချင်တာကို အရယူတတ်တဲ့ jennie အကြောင်းကိုသိနေတဲ့ ဒယ်ဒီဟာ သဘောကျစွာနဲ့ အော်ရယ်နေလေမလား။
တချိန်တုန်းက အရုပ်မလေးကိုတော့ တွေဝေမှုတွေကြောင့် အပိုင်မရခဲ့ပေမယ့် တလောကလုံးရဲ့ အလှနတ်ဘုရားမလေးကိုတော့ တွေဝေခြင်းမရှိဘဲ Jennie သိမ်းပိုက်နိုင်ခဲ့ပြီ။
ဒီနေရာလေးမှာရပ်နေတာလည်း အချိန်အတော်ကြာနေပြီဖြစ်သည်။ မီးဖိုချောင်ထဲမှာ ဟင်းတွေချက်နေတဲ့ အဲ့ဒီနောက်ကျောပြင်လေးက အရမ်းကို မြတ်နိုးဖို့ကောင်းနေလို့ ခပ်လှမ်းလှမ်းကနေ ငေးကြည့်ရင်းနဲ့ ပိုင်ဆိုင်ချင်မိတာလည်း အရမ်းပါပဲ။
VOUS LISEZ
Tied to you,with love bond
Fanfictionရစ်ပတ်နှောင်ဖွဲ့တတ်တဲ့ အဖြူရောင်ကြိုးအမျှင်လေး တစ်ခုရယ်ပါ။ နူးညံ့စွာ စီးမျှောပျော်ဝင်ပစ်လိုက်ဖို့အတွက် ထိုက်တန်လွန်းတဲ့ အကြောင်းတရားလေးဟာ မျက်ခွံပေါ်က မှဲ့နက်လေးကနေ အစချီပြီး ဖြစ်တည်မှုအားလုံးနဲ့ အဆုံးသတ်ရမှာပါပဲ။ - Kim Jisoo - သစ်သားခြံစည်းရိုး အ...