အပိုင်း ( ၅ )

5.8K 725 56
                                    



"အဲ့လိုမဟုတ်ဘူးလေ ချာတိတ်ရဲ့"

"လာ အနားတိုးခဲ့။ တို့ တီးပြမယ်"

စန္ဒယားကို လက်ညိုးထိပ်ဖျားလေးနဲ့ မထိတထိတီးနေတဲ့ ချာတိတ်လေးအား ဘေးကနေ လက်ပိုက်ကာ ရပ်ကြည့်ရင်း Jisoo မှာ ပြုံးနေရတော့သည်။ စန္ဒယားခုံပေါ် ဝင်ထိုင်လိုက်တော့ ချာတိတ်က ဘေးနားမှာကပ်လျက်သား လာထိုင်တယ်။

"လက်ချောင်းက အကြောတွေကို အကုန်ဖြေလျော့ထားရမယ် တောင့်မထားရဘူး"

ချာတိတ်ကလေ လူကောင်လေး သေးသလိုပဲ လက်ဖဝါးနဲ့ လက်ချောင်းလေးတွေဆိုလည်း တကယ်ကိုသေးသေးကွေးကွေးလေးရယ်။

"တီးရတာ ဝါသနာမပါဘူး။ နားထောင်ရတာရောပဲ"

ချာတိတ်ရဲ့ လက်ပေါ် ကျွန်မရဲ့လက်နဲ့ အုပ်မိုးထားပြီး တီးပြနေပေမယ့် ဂျစ်တူးမလေးက ကျွန်မရဲ့လက်အောက်ကနေ ရုန်းထွက်သွားသည်။

"လိမ်တာ တို့အိမ်ကို ခိုးဝင်ခဲ့တဲ့နေ့တုန်းက မင်းရဲ့ ဖုန်းထဲကနေ တို့ရဲ့သံစဉ်တွေကို ကြားခဲ့ရတယ်"

"အင်း အဲ့တာပဲ နားထောင်ဖူးတာလေ။ ဒါတောင် ရှင်ကိုယ်တိုင် တီးနေတာမြင်ခဲ့ရလို့ နားထောင်ဖြစ်ခဲ့တာ"

"ဘယ်လို ဘယ်တုန်းကလဲ"

ဘေးချင်းယှဉ်ထိုင်နေရာကနေ ချာတိတ်ရဲ့ မျက်နှာကို ဆက်ခနဲလှည့်ကြည့်ရင်းမေးလိုက်မိသည်။ ချာတိတ်က ကျွန်မနဲ့အကြည့်ချင်းဆုံဖို့ ဘာလို့များ ဒီလောက်ထိ ခဲယဉ်းနေရတာလဲ။ အခုလည်း စန္ဒယားကိုသာ ခေါင်းငုံ့ပြီး စိုက်ကြည့်နေပြန်ပါရဲ့။

"Ginkgo သစ်ပင်တွေ"

"ပွဲကို လာခဲ့တယ်ပေါ့။ မင်းကို ကြည့်ရတာ တို့ရဲ့ fan တော့ မဟုတ်လောက်ပါဘူး"

"အဲ့နေ့ကမှ ရှင့်ကို သိခဲ့ရတာပါ။ ဒါတောင် နာမည်နဲ့ မှဲ့ကလွဲရင် ကျန်တာ ဘာမှ မသိခဲ့ရဘူး"

စန္ဒယားခုံကို လက်ညိုးလေးနဲ့ ဆော့ကစားနေတဲ့ ချာတိတ်ဟာ ကျွန်မကို လုံးဝမကြည့်ခဲ့။

"မှဲ့ကဘာလဲ"

"ဒီဟာလေ"

ကျွန်မရဲ့ လက်ကို ဆွဲယူပြီး လက်ညိုးက မှဲ့နဲ့ လက်သန်းကြွယ်က မှဲ့ကို သူ့ရဲ့ လက်ချောင်းသေးသေးလေးတွေနဲ့ တို့ထိကာ ပြောလာသည်။ ချာတိတ်ကိုင်ထားတဲ့ ကျွန်မရဲ့လက်ကိုကြည့်ရင်း စိတ်ထဲတင်းတင်းကြပ်ကြပ်ခံစားလာရသည်။ ဒီလက်သေးသေးလေးတွေရဲ့ နူးညံ့မှုဟာ ကျွန်မအနား ဘယ်အချိန်ထိ ရှိနေနိုင်မှာတဲ့လဲ။

Tied to you,with love bondTahanan ng mga kuwento. Tumuklas ngayon