ဟာ!!! ကျစ်!!!
"ကိုကို ဒီမှာကြည့်လိုက်။ ကိုကို့အဝတ်တွေ အရောင်စွန်းကုန်ပြီ"
Jackson တစ်ယောက် နေကောင်းသွားပြီးကထဲက ပိတ်ရက်ဆို သွေးတက်စရာ မြင်ကွင်းတွေနဲ့ပဲ ဖြတ်ကျော်နေရလေသည်။
အားရန်က ကျွန်တော် သူ့ကို စိတ်ဆိုးပြီး ပစ်ထားမိကထဲက အဲ့ကောင်လေး ဘာကိုလန့်သွားလဲ မသိပေမယ့် အခုနောက်ပိုင်း အိမ်အလုပ်တွေပါ လျှောက်လုပ်နေသည်။
"အာ! ရပါတယ် ရပါတယ်။ နောက်ဆို အဖြူရောင်တွေဆို သက်သက်ခွဲလျှော်လေ။ ဒါပေမဲ့ မလျှော်လည်း ရတယ်ဆို။ ကိုကိုပဲ လုပ်ပါ့မယ်ဆို"
အဖြူရောင် အင်္ကျီမှာ အနီရောင်တွေ စွန်းကုန်တာမို့ သူ စိတ်ညစ်သွားပုံရပြီး လာပြတာပင်။
"ဪ! ဟုတ်ပြီ ဟုတ်ပြီ။ နောက်မှတ်ထားမယ်"
ဝုန်းဆို ပြန်ပြေးထွက်သွားတာမို့ မျက်ခုံးခပ်လှုပ်လှုပ်။
နောက်နာရီဝက်အကြာ အခန်းထဲမှ အော်သံထွက်လာပြန်လေသည်။
အားးးးး
"ဟေ့ အားရန် ဘာဖြစ်တာလဲ"
"ကိုကို! ကျွန်တော် ကိုကို့အင်္ကျီတွေကို မီးပူတိုက်ပေးနေတာ။ အဲ့ဒါ အကုန် မီးကျွမ်းကုန်ပြန်ပြီ"
ထပ်ပြီး ထပ်ပြီး!!!! ငါ့အဝတ်တွေလည်း ကုန်ပါပြီ။
"ရတယ် ရတယ်နော်။ နောက်မှ အသစ်ဝယ်လိုက်မယ်။ မင်းကို ခိုက်မိသွားသေးလား"
"ဟင့်အင်း"
"နောက်ဆို တိုက်ချင်ရင် အပူလျှော့လေ။ ဒီခလုတ်ကို မိုင်ကုန်တင်ထားတော့ အကုန် ကျွမ်းကုန်တာ"
"ဟင်းးး နောက်မှတ်ထားမယ်နော်"
မယုံပေမယ့် ခေါင်းသာညိတ်ပြလိုက်ရပါတယ်။ ရှေ့အပတ်ကလည်း ဒီကောင်လေး အဲ့လိုပဲ ပြောခဲ့တာပါပဲ။
ဒုန်း!!!! ခလွမ်း!!! ဖွမ်း!!!!
နောက်တစ်နာရီအကြာတွင် ထပ်ပေါ်လာသော အသံကြောင့် မီးဖိုချောင်တစ်ခုလုံး ပြိုကျကုန်တာလား အတွေးနဲ့ Jackson တစ်ယောက် ကလေးတွေကို ထားခဲ့ပြီး အမြန်ပြေးဝင်လာရသည်။
YOU ARE READING
Destiny drew us Together [Completed]
FanfictionThis is a love story of Werewolf police and Werewolf doctor. . .❤️ Wang Yibo & Xiaozhan (YiZhan fanfiction) Extras are the side story of Jackson and his beauty. ...