Chapter 20

10.5K 1.3K 640
                                    

ညစဉ်ညတိုင်း အိပ်မရအောင် နှိပ်စက်နေတဲ့၊ နမ်းကြည့်ရင်ရော ပန်းသီးအရသာ ရမလား တွေးနေမိတဲ့ ဒီနှုတ်ခမ်းပါးလေးကို စက္ကန့်အနည်းငယ်လောက် ဖိကပ်ပြီးချိန်မှာတော့ ဖြည်းဖြည်းချင်း ပြန်ခွာလိုက်တော့သည်။

"ဟာ ဘာတွေဖြစ်ကုန်တာလဲ"
"ဝမ်အကြီးအကဲ စိတ်လျှော့ပါ"
"ဟိုအယုတ်တမာကောင် ငါ့သားကို လွှတ်စမ်း"
"ပါး ပါး"
"Wow..ဒီနှစ်ယောက်က လုံးဝမတည့်တာမလား"

ခန်းမထဲရှိ လူအားလုံး အလန့်တကြား ထရပ်ပြီး ကြည့်ကုန်မိတဲ့အထိ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြလေသည်။ Yibo ကတော့ ထိုအသံတွေပေါ် လုံးဝအာရုံမရှိ‌နိုင်ဘဲ သူနဲ့ နှာတစ်ဖျားစာလောက်သာ ဝေးတဲ့ စကောလောက်ပြူးကျယ်နေတဲ့ မျက်လုံးပိုင်ရှင်လေးကိုသာ စိုက်ကြည့်နေမိတော့သည်။ အံ့ဩစရာကောင်းလောက်အောင် ထိုမျက်လုံးပိုင်ရှင်လေးရဲ့ အရောင်ကလည်း အဝါရောင်သို့ ပြောင်းသွားပြီဖြစ်သည်။ ထိုအချိန် ဘေးက တစ်ယောက်ယောက်ကသာ Yibo ကို လာကြည့်မိရင်လည်း သူလည်း အဝါရောင်ပြောင်းနေပြီဆိုတာကို တွေ့နိုင်ကြမှာပင် ဖြစ်သည်။

ထိုအချိန်၌ Xiaozhan ရဲ့နှလုံးသားတစ်ခုလုံးကတော့ ခုန်ထွက်မတတ်ဖြစ်နေပြီး မိုင် ၁၀၀ အပြေးပြိုင်ပွဲကို ပြေးလာရသူလို မောဟိုက်နေသည်။ ဘာတွေဖြစ်ကုန်တာလဲ သူနားမလည်ပေမယ့် ကမ္ဘာပျက်နေကြတဲ့ ဘေးပတ်၀န်းကျင် တစ်ခုလုံးကိုလည်း သူသတိမထားနိုင်ဖြစ်‌နေပြီ။ သူ့အာရုံအားလုံးက နှာသီးဖျားနှစ်ခု ခပ်ဖွဖွလေး ထိကပ်နေလို့ ၀င်လေထွက်လေတွေပါ ရောယှက် လောက်အောင် နီးကပ်လွန်းနေတဲ့ အဝါရောင်မျက်လုံးတစ်စုံပိုင်ရှင်ရဲ့ မျက်နှာပေါ်မှာသာ ရှိသည်။

ပတ်၀န်းကျင်ကို လျစ်လျူရှုပြီး တစ်ကမ္ဘာလုံး သူတို့ နှစ်ယောက်ပဲ ရှိတော့သလို တစ်ယောက်နဲ့တစ်ယောက် ကြည့်နေကြရင်း ခုန နှုတ်ခမ်းချင်းဖိကပ်လိုက်မိတဲ့ထိ ဘယ်နားထားရမှန်းမသိတာကြောင့် တောင့်တောင့်ကြီး ဖြစ်နေတဲ့ Xiaozhan ရဲ့ လက်တစ်စုံက တဖြည်းဖြည်းနဲ့ ဝမ်လေးရဲ့ခါးကို သိုင်းဖက်လာပြီး ပြူးကျယ်‌နေသော အဝါရောင် သမ်းနေတဲ့ မျက်လုံးလေးတွေကိုလည်း ညှို့ငင်ခံနေရသူပမာ ခပ်ဖွဖွ မှိတ်ချလိုက်တော့သည်။

Destiny drew us Together [Completed] Onde histórias criam vida. Descubra agora