Extra (6)

5.5K 816 510
                                    

Halfeti မြို့ရဲ့ ညဦးပိုင်း ‌ဆောင်လေအေးအေးတွေက တဖြူးဖြူး တိုက်ခတ်နေသော်ငြား တိတ်ဆိတ်မှောင်မဲနေသော လမ်းတလျှောက်လုံး၌ ကိုယ့်အပူနဲ့ကိုယ် တစ်ကောင်တည်း မရပ်မနားပြေးလွှားနေတဲ့ အနောက်ပိုင်းဝံပုလွေလေးအတွက်ကတော့ ထိုလေအေးအေးတွေက ဘယ်လိုမှ မ‌အေးချမ်းစေနိုင်တော့သလိုပင်။

Bai Ran တစ်ယောက် ကားနဲ့ဆိုရင်တောင် တစ်နာရီနီးပါး မောင်းရတဲ့ ခရီးကို တစ်နာရီ ဆယ့်ငါးမိနစ်အတွင်း၌ကို ရောက်အောင် ပြေးလာခဲ့လိုက်ရတာမို့ ဆေးရုံရှေ့ရောက်ရောက်ချင်းတင် ငုတ်တုတ် ခဏထိုင်ချလိုက်ပြီး အသက်ကို မနည်းလုရှူနေရတော့သည်။

နှလုံးလေဟပ်မတတ် ပြေးလာခဲ့ရတာကြောင့် အောက်ဆီဂျင်တွေတောင် ပြတ်တောက်လုနီးပါး ခံစားနေရတာမို့ မျက်လုံးစုံမှိတ်ပြီး အသက်ကို ဖြည်းဖြည်းချင်း ပြန်ရှူသွင်းနေရသလို ပြေးနေတုန်းက မသိသာခဲ့ပေမယ့် ထိုင်ချလိုက်တော့မှ ခြေထောက်တွေပါ တဆတ်ဆတ်တုန်နေတာမို့ မတ်တပ်ရပ်ဖို့တောင် မနည်းအားပြန်ယူနေရသည်။

ထိုစဉ် စီနီယာဝမ်ဆီက ဖုန်းထပ်ဝင်လာပြန်တာကြောင့် တဒိန်းဒိန်းမြည်နေသော နှလုံးခုန်သံက အပြင်ကနေတောင် ကြားနေရတယ်။

"စီနီယာ!"

"Bai Ran! မင်း ဘယ်ရောက်ပြီလဲ။ လာတော့လာနေတယ်မလား"

"ဟုတ်။ ကျွန်တော် ခု ဆေးရုံရှေ့ရောက်ပြီ။ သူ့အခြေအနေ ဘယ်လိုရှိလဲ သိရပြီလား"

Bai Ran အသံတွေ တော်တော်လေး တုန်‌နေပြီး မောဟိုက်နေတဲ့ပုံပေါ်တာမို့ Yibo တစ်ယောက် မျက်ခုံးပင့်လိုက်မိပြီး ခပ်လှမ်းလှမ်းသို့ လျှောက်လာခဲ့လိုက်ရတော့သည်။

"မင်း အသံက! မင်း အဆင်ပြေရဲ့လား။ Jackson က ခုထိ ဘာမှမသိရသေးဘူး။ ရရဲ့လား။ ငါ မင်းကို ထွက်ခေါ်ရမလား။ ငါ မင်း မလာတော့ဘူးထင်လို့ ဖုန်းဆက်ကြည့်လိုက်တာ"

ကျွန်တော် မတ်တပ်ထရပ်လိုက်ပြီး ဝင်ပေါက်နား အမြန်လျှောက်လာလိုက်တော့သည်။

"ရတယ် စီနီယာ! လမ်းမှာ ကားတွေပိတ်နေတာ။ အဲ့ဒါ ဆင်းပြေးလာခဲ့ရတော့ နည်းနည်းမောနေလို့။ ကျွန်တော် ခုဝင်လာပြီ"

Destiny drew us Together [Completed] Donde viven las historias. Descúbrelo ahora