Jackson တစ်ယောက် Yibo နောက်လိုက်လာမိတဲ့ ကောင်းမှုကြောင့် စိတ်ကြီးလှတဲ့ သမန်းဝံပုလွေနှစ်ကောင်ရဲ့ ရန်ပွဲကိုသာ မနည်းထိန်းလိုက်ရသည်။ဘာတုန်း ဒီကောင်တွေ အခုထိ တွေ့တိုင်း နပန်းလုံးနေကြတုန်းပဲလားဟ!! ကျောင်းမှာကထဲက မျက်နှာချင်းဆိုင်မိတာနဲ့ လုံးထွေးသတ်ပုတ်နေကြတာများ လူမြင်လို့တောင် မကောင်းခဲ့။
ကျွန်တော် Xiaozhan နောက်သာ အရင်ပြေးလိုက်ခဲ့ပြီး ဆွဲထားလိုက်ရသည်။
" Xiaozhan စိတ်ကိုလျှော့ပါဦး "
" လွှတ်စမ်းပါ။ အဲ့ကောင် ဘယ်တုန်းက ဒီရောက်လာတာလဲ "
" Yibo က ဒီနေ့ပဲ ငါတို့ဌာနခွဲကို ပြောင်းလာတာလေ။ ခဏထိုင်ပြီး စိတ်လျှော့လိုက်ဦး "
အတင်းချော့မော့ပြီး လူနာစောင့်တွေထိုင်တဲ့ ခုံတန်းလေးမှာ ခဏထိုင်ခိုင်းလိုက်ပြီး ကျွန်တော်ပါ ဘေးမှာ ဝင်ထိုင်လိုက်ရသည်။
ကျွန်တော့်နာမည် Jackson! ကျွန်တော်က Yibo ကဲ့သို့ Eastern Pack ကပင်ဖြစ်သည်။ Yibo တို့ကတော့ ကျွန်တော်တို့အကြီးအကဲရဲ့ သားဖြစ်ပေမယ့် ကျွန်တော်တို့မိသားစုကတော့ ခေါင်းဆောင်ပိုင်းထဲက မဟုတ်တဲ့ သာမန်မိသားစုတွေထဲကပင် ဖြစ်သည်။
Yibo နဲ့ ကျွန်တော်က ဆယ်နှစ်သားလောက်ထဲက ခင်ခဲ့သလို၊ Yibo နဲ့တွေ့တိုင်း တဝုန်းဝုန်းသတ်နေတဲ့ Xiaozhan ကိုလဲ မျက်မှန်းတန်းမိပြီး ခင်ခဲ့မိတယ်။
"Jackson"
" အင်း ဘာလဲ "
" ဒါဆို အဲ့ကောင်က ငါတို့နဲ့ တူတူလာနေမှာလား "
" အင်းပေါ့ကွ။ ငါတို့နဲ့ မနေရင် သူ ဘယ်သွားနေရမှာလဲ "
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တာမို့ ကျွန်တော့်မှာ Xiaozhan နဲ့ တစ်ခုံကျော် ပြောင်းထိုင်လိုက်မိတယ်။ Xiaozhan က အရမ်းလက်မြန်ခြေမြန်ရှိတဲ့သူမို့ လန့်ရတယ်။ သူနဲ့ Yibo နပန်းလုံးတိုင်း Xiaozhan ကချည်း အရင်စထိုးတာပင်။ Yibo က ခုနလိုမျိုး အပြောနဲ့ အရင်ရန်စတတ်ပေမယ့် လက်အရင်ပါသူက အမြဲနီးပါး Xiaozhan ပေမို့ သူ ဒေါသထွက်နေရင် ကျွန်တော်တော့ ခပ်လန့်လန့်။

ESTÁS LEYENDO
Destiny drew us Together [Completed]
FanficThis is a love story of Werewolf police and Werewolf doctor. . .❤️ Wang Yibo & Xiaozhan (YiZhan fanfiction) Extras are the side story of Jackson and his beauty. ...