Chapter 32

8.9K 1.1K 510
                                    

ခုနတုန်းက ခဏတောင် ဖက်ထားလိုက်ရသလို၊ လက်ချင်းဆုပ်ကိုင်လို့ တူနှစ်ကိုယ် လမ်းတွေလျှောက်ကြမယ်ဆိုတဲ့ အနေအထားထိ အဆင်ပြေနေရာကနေ ရုတ်တရက်ကြီး ရုန်စစ် ထွက်သွားမှ ရှောင်းရှောင်းက အိမ်ပြန်တော့မယ်ဆိုပြီး ကျွန်တော့်ခြေထောက်ကို တက်နင်းသွားတာမို့ အီစလန်ဝေသွားပေမယ့် မနည်းအမှီပြေးလိုက်လိုက်ရတယ်။

"မပြန်နဲ့ဦးလေ။ ကိုယ် မင်းကြိုက်တဲ့ စားသောက်ဆိုင်မှာ လိုက်ကျွေးမလို့ပါဆို"

"ငမည်းကောင်! ငါက မင်းကျွေးမှ စားနိုင်သောက်နိုင်တယ်ထင်လို့လား။ မစားဘူး။ နောက်နေ့ကျမှ Yu Chen နဲ့သွားစားတော့မယ်။ ဟက်! အမှုတွေနဲ့ မအားမလပ်ဖြစ်နေတာကို တစ်နေကုန် အချိန်ပေးနေရတာ အားနာလိုက်တာ"

"ဟမ်! ဒီနေ့က ပိတ်ရက်လေ။ ခုနတုန်းက ရုန်စစ်က ဒီအတိုင်း လမ်းကြုံလို့ ပြောသွားတာပါ။ ကိုယ် အခု အရမ်းကို အားလပ်နေတာပါ"

ရှောင်းရှောင်းက ဆိုင်ကယ်ပေါ် ဘေးတစောင်း တက်ထိုင်နေပြီး ဘီးကို နောက်ပြန်ပိတ်ကန်နေကာ မျက်နှာလွှဲထားတယ်။ ရှောင်းရှောင်း စိတ်ကောက်တတ်မှန်း ကျွန်တော် ခုမှ သိလိုက်ရတာပင်။ ပုံမှန်ဆို ရန်သွားစတာနဲ့ ဝုန်းဒိုင်း ထနပန်းလုံးတတ်တဲ့သူမို့ ခုလို ဂျီကျတတ်မယ်လို့ မထင်ထားခဲ့မိ။

// ဒါမှမဟုတ် ငါ့ကို သဝန်တိုနေတာများလား //

"သူ့အမှုက ဘာမို့လို့လဲ"

"သူက ကလပ်မှာ ကတဲ့သူလေ။ အခုတလော customer တစ်ယောက်နဲ့ နည်းနည်းအရှုပ်အရှင်းဖြစ်နေတာ။ အမှုကိစ္စဆိုတော့ မင်းမသိလည်း ဖြစ်ပါတယ်"

"သိလည်း မသိချင်ပါဘူး။ ဘယ်သူကရော အတင်းရိုက်မေးနေလို့လဲ"

"အယ်!"

"မောင်းမှာလား မမောင်းဘူးလား။ ငါ ဗိုက်ဆာနေပြီ"

"အာ! ဒါဆို အိမ်မပြန်တော့ဘူးပေါ့"

"ချီးကားကောင်! မင်းက အခုတော့ ညစာလိုက်ကျွေးဖို့တောင် စေတနာမရှိတော့တာလား။ ကိုယ့် Mate ကို ညစာလေးတစ်ခါ‌လောက် ဝယ်ကျွေးဖို့တောင် တွန့်တိုနေတာလား။ ငမွဲကောင်!!"

Destiny drew us Together [Completed] Where stories live. Discover now