Extra (2)

5.8K 885 486
                                    

ဒီနေ့က နှင်းဆီနက်တွေရှိရာ မြို့ကို ရောက်နေခဲ့တဲ့ သုံးရက်မြောက်နေ့။

Jackson တစ်ယောက် နာရီနှိုးစက်သံမြည်တာနဲ့ ဝုန်းခနဲ ထထိုင်လိုက်‌ကာ ကုတင်ပေါ်က လျင်မြန်စွာ ထရပ်လိုက်တော့သည်။ အရင်ကဆို ဘေးမှာတိုင်းပြည်ပျက်နေရင်တောင် အအိပ်မပျက်တတ်ခဲ့တဲ့ ကျွန်တော့်အတွက် အားရန် ကျွန်တော့်ကို နှုတ်ဆက်ခဲ့တဲ့ညက သူ ထထွက်သွားတာ မသိလိုက်မိတာက အခုထိ နောင်တရလို့မဆုံးပါဘူး။ အရာအားလုံး နောက်ကျသွားခဲ့ပေမယ့် အဲ့ကထဲက ကျွန်တော် အမြဲတစေ သတိနဲ့ အိပ်တတ်လာခဲ့တယ်။

// ချစ်တတ်ရင် ပြောင်းလဲသွားတယ်ဆိုတာကို ဟိုကောင်တွေ ပြောနေတုန်းက လှောင်ခဲ့မိသေးတာ။ အခု ကိုယ်တိုင် ကြုံလိုက်ရမှ တကယ်မှန်မှန်းသိတော့တယ်။ ကျွန်တော် အားရန်ကြောင့် ပြောင်းလဲသွားခဲ့တာတွေ တကယ် အများကြီးပါပဲ။ အဲ့ဒါတွေကို ဒီကောင်လေး သိစေချင်လိုက်တာ //

ပိုက်ဆံအိတ်ထဲက Yu Chen camera နဲ့ရိုက်ယူထားခဲ့ဖူးတဲ့ အားရန်ရဲ့ တစ်ပုံတည်းသော ဓာတ်ပုံဖြစ်တဲ့ မျက်လုံးတွေ ပိတ်ကျအောင်ထိ ရယ်မောနေခဲ့တဲ့သူ့ပုံကို သေချာထုတ်ကြည့်လိုက်ပြီးမှ အိတ်ထဲပြန်ထည့်လိုက်ကာ ပစ္စည်းတွေသိမ်းဆည်းပြီး မနက်စာစားဖို့ အောက်ဆင်းလာခဲ့လိုက်တော့သည်။

ဒီနေ့မနက်ခင်းက ဘာကြောင့်မှန်းမသိ နေရင်းထိုင်ရင်း ပျော်နေမိသလိုပင်။ ကြည့်ရတာ ခရီးထွက်လိုက်ရတော့ စိတ်အပြောင်းအလဲ ဖြစ်လို့ထင်ပါရဲ့။

"ဧည့်သည်ပြောထားတဲ့ ဘာသာပြန်လည်း ရောက်နေပြီ။ သူက ဧည့်သည်ပြောတဲ့ မိဘမဲ့ကျောင်းကို သွားနေကျလို့ ပြောတော့ ပိုအဆင်ပြေမယ်ထင်တယ်"

"ဒါဆို ပိုအဆင်ပြေသွားတာပေါ့"

ကျွန်‌တော်နဲ့ ရွယ်တူလောက်ရှိမယ့်ပုံပေါ်တဲ့ဘာသာပြန်ကောင်လေးကို နှုတ်ဆက်လိုက်ပြီး ကျွန်တော်တို့ ထိုကျောင်းသို့ သူ့ဆိုင်ကယ်နဲ့သာ ထွက်လာခဲ့လိုက်ကြတော့သည်။

"ဆရာက ဒီမြို့ကို ခုမှရောက်ဖူးတာလား"

ဆိုင်ကယ်မောင်းနေရင်း သူစကားစလာတာမို့ သေချာမိတ်ဆက်ဖြစ်လိုက်သေးသည်။

Destiny drew us Together [Completed] Where stories live. Discover now