Chapter 25

9.5K 1.3K 401
                                    

နောက်ဆုံးတော့ ကျဲရဲ့ အကူအညီနဲ့ တည်းခိုဆောင် နောက်လမ်းကြားထဲ ခဏထွက်လာလိုက်မိတော့သည်။

"ဝမ်လေး"

"ရှောင်းရှောင်း ငါ မင်းအတွက် ခေါက်ဆွဲနှစ်ပွဲ ဝယ်လာတယ်။ ဒီမှာပဲ ခဏမြန်မြန်ထိုင်စားလိုက်။ ဗိုက်ဆာနေပြီမလား"

"အင်း အင်း"

သူ ယူလာတဲ့ ခေါက်ဆွဲတွေက အိမ်မှာချက်တာထက် ပိုအရသာရှိတာလား။ ဒါမှမဟုတ် ငယ်ငယ်ကလိုပဲ တောထဲမှာ ခိုးစားရတာမျိုးက ပိုအရသာရှိတာပဲလားတော့ မသိဘူး။ စားလို့ကတော့ တကယ်ကောင်းတာမို့ နှုတ်ခမ်းနားကို သူ့လက်မ ရောက်လာမှ အလန့်တကြား မော့ကြည့်လိုက်မိတော့သည်။

"ဖြည်းဖြည်းစားလေ။ နှစ်ခုလုံး မင်းအတွက်ပဲ ဝယ်လာတာကို နင်ကုန်တော့မယ်"

"ဗိုက်ဆာနေတာကို"

"အခုချိန်ထိ မစားပဲ ဘာတွေလုပ်နေတာလဲ။ လူကြီးဖြစ်ပြီး ဘာလို့ ကိုယ့်ကိုယ်ကိုယ် အဆာခံနေတာလဲ။ ဖုန်းဆက်တာကော ဘာလို့ မကိုင်လဲ။ ငါ မင်းအိမ်ကို လာတော့ရော ဘာလို့ ထွက်မတွေ့တာလဲ။ ငါ့မှာ မင်းအဖေ ဆဲတာ ဘယ်လောက်ခံရလဲ သိလား။ ပြီးတော့..."

" Wang Yibo...မင်း Rap ရွတ်ဖို့ ကျင့်နေတာလား။ ဘာလို့ မစားတာလဲ ဆိုတော့ ပါးက တစ်ချိန်လုံး မျက်စိဒေါက်ထောက်ကြည့်နေလို့ စားမ၀င်တော့တာ။ ဘာလို့ ဖုန်းမကိုင်လဲ ဆိုတော့ သူတောင်းစား မင်းက ဆက်လိုက်ရင် ပါးရှေ့မှာချည်းပဲ အဲ့တော့ ဘယ်လိုကိုင်ရမှာလဲ။ ထွက်မတွေ့တာက ငါလဲ ပါးဆူမှာ ကြောက်လို့ပေါ့။ ကဲ ပြီးပြီလား ငါဆက်စားလို့ ရပြီလား"

"အဲ့လိုမှန်းသိရင် ရေယူလာပါတယ် ငါ့ရှောင်းရှောင်းလေးအတွက် ဟက်! စား စား"

ကျွန်တော့်ကို မျက်စောင်းလေးထိုးပြီး ငုတ်တုတ်လေးထိုင်ကာ ခေါက်ဆွဲတွေကို အငမ်းမရ စားနေတဲ့ ရှောင်းရှောင်းရဲ့ ပုံလေးက ချစ်ဖို့လည်း ကောင်းသလို၊ သနားစရာလည်း ကောင်း‌‌နေသလိုပင်။ နှုတ်ခမ်းတစ်ခုလုံး ပေပွနေတာမို့ ရှောင်းရှောင်းရဲ့ ခါး‌သေးသေးလေးကိုကိုင်ကာ ကျွန်တော့်ရင်ခွင်ထဲရောက်အောင် ဆွဲမပစ်လိုက်သည်။ ထို့နောက် ခေါင်းနောက်ကနေ ထိန်းကိုင်လိုက်ကာ သူ့ပါးစပ်ကို ကျွန်တော့်ပါးနဲ့ သုတ်စေလိုက်တော့သည်။

Destiny drew us Together [Completed] Wo Geschichten leben. Entdecke jetzt