တရုတ်နွေဦးပွဲတော် ( သို့ ) တရုတ်နှစ်သစ်ကူးချိန်ခါသို့ ကျရောက်တော့မည်ဖြစ်၍ Beijing တစ်မြို့လုံး အနီရောင်လွှမ်းကာ ပျားပန်းခတ်မျှ လှုပ်ရှားနေကြသည့် လူများဖြင့် စည်ကားနေလေသည်။ ထိုသို့ နှစ်ကူးချိန်အခါသမယတွင် တရုတ်လူမျိုး အိမ်တော်တော်များများ၌ တရုတ်ဗျောက်အိုးများ၊ မီးရှူးမီးပန်းများနှင့် ရိုးရာနတ်တင်ပွဲများဖြင့် ဆွေမျိုးမိတ်ဆွေများစုဝေးလျက် ညစာစားပွဲများကျင်းပကာ နှစ်သစ်ကူးအချိန်အခါကို ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် အတူတကွကြိုဆိုနေကြသလို သမန်းဝံပုလွေများသည်လည်း တစ်နှစ်တစ်ခါ ကျင်းပသော Mating season နှင့် Energy source ခံယူပွဲအတွက် အလွန်ပင် စိတ်လှုပ်ရှား မျှော်လင့်နေကြပေပြီ။
ထို့ကြောင့်လည်း Beijing သမန်းဝံပုလွေ ဌာနချုပ်ရှိရာ တိုက်ခန်းများရှေ့တွင် ယနေ့မနက်စောစောကတည်းက လူကြီးပိုင်းများက စီစဉ်ပေးထားသော ရှန်ဟိုင်းမှ Eastern pack ရှိရာရွာလေးသို့ ပြန်မည့် အထူးကား ခုနစ်စီးခန့်က အသင့်ရောက်ရှိနေပြီဖြစ်သည်။ သမန်းဝံပုလွေဘ၀တွင် အရေးအပါဆုံးအရာများထဲမှ တစ်ခုဟု သတ်မှတ်ထားသည့် တစ်ဘ၀စာလက်တွဲဖော်ကို တွေ့ရနိုင်သည့် အခွင့်အရေးရှိသော ထိုပွဲကြီးကို မျှော်လင့်ပြီး အလွန်အမင်း စိတ်လှုပ်ရှားကာ ပျော်ရွှင်နေကြသော သမန်းဝံပုလွေငယ်များသည် ကျွတ်စိကျွတ်စိဖြင့် တွတ်ထိုးနေကြလေသည်။ သို့သော် ထိုလူအုပ်ကြားထဲတွင် ပွစိပွစိနှင့် ဆူပုတ်ပုတ်ဖြစ်နေသော အလယ်ပိုင်းမှ သမန်းဝံပုလွေလေး တစ်ကောင်ရှိနေပေသည်။
"ဟေ့ကောင် Xiaozhan! မနက်ကတည်းက ပွစိပွစိနဲ့ ဘာဖြစ်နေတာလဲ။ ဒီတစ်ပတ်လုံးလည်း မင်း ဘာကို စိတ်တိုနေတာလဲကွာ။ မင်း စီနီယာကိုတောင် ပြန်ပြန်အော်နေတယ်နော်။ နေရောကောင်းရဲ့လား"
ကြာတော့ မနေနိုင်တော့တာမို့ ဘေးမှ Yu Chen တစ်ယောက် ၀င်မေးရတော့သည်။
ဟုတ်တယ်။ Xiaozhan တစ်ယောက် ဒီတစ်ပတ်လုံး ပေါက်ကွဲနေတာ။ စိတ်တိုတာမှ တကယ့်ကို စိတ်တိုနေတာ။ ဒါတွေအားလုံး ထို Wang Yibo ဆိုတဲ့ ချီးကားကောင်ကြောင့်။ ဟိုညက အဲ့ကောင် ဆေးရုံမှာ လာကြိုပြီးကတည်းက သူ ကျွန်တော့်ကို စေ့စေ့တောင် မကြည့်ဘဲ ပတ်ပြေးနေသလို၊ ကျွန်တော့်ကိုမြင်တာနဲ့ ယုတ်စွအဆုံး အရိပ်ကိုတွေ့တာနဲ့ ထွက်ထွက်ပြေးသွားသောကြောင့်ပင်။
![](https://img.wattpad.com/cover/234210076-288-k261771.jpg)
YOU ARE READING
Destiny drew us Together [Completed]
FanfictionThis is a love story of Werewolf police and Werewolf doctor. . .❤️ Wang Yibo & Xiaozhan (YiZhan fanfiction) Extras are the side story of Jackson and his beauty. ...