Extra (20) Final

7.4K 613 278
                                    

1 month later. . .

Halfeti ဆောင်းနှင့်အပြိုင် ရှန်ဟိုင်းဆောင်းကလည်း အလွန်အေးလွန်းလှသည်။

ထိုအအေးဒဏ်ကြောင့် ရိပေါ်ခမျာ အနွေးထည် အထပ်ထပ် ဝတ်ထားတာတောင် နှာတရှုံ့ရှုံ့ဖြစ်နေရသော်ငြား ရှောင်းရှောင်းကတော့ အနွေးထည်အပါးတစ်ထည်ကိုတောင် မနည်းဝတ်ခိုင်းထားရသည်။

"ရှောင်းရှောင်း! မင်း အဲ့ပန်းသီးတွေ အကုန်စား‌နေပြန်ပြီလား"

"အွန်း...အခုမှ သုံးလုံးပဲ စားရသေးတာကို။ မင်းရော စားချင်လို့လား"

ခေါင်းပဲ အမြန် ခါပြလိုက်ရတယ်။

အဲ့ဒါ သူ့ဘေးနားလာရပ်နေလို့ မကောင်းတတ်လို့ ကျွေးတာလေ။ တကယ်ယူစားမိလို့ သူမဝတော့ရင် စားမိတာနဲ့ မကာမိအောင် ဆံပင်‌စောင့်ဆွဲခံရတတ်သည်။

// ရှောင်းရှောင်း ဒေါသက သွားမစမ်းကောင်းဘူး။ အယ်! ပြီးတော့ သူ့မုန့်တွေလည်း လုမစားကောင်းဘူး //

"ကိုယ့်ပေါင်ပေါင်လေးက ခုနကပဲ ညစာ စားထားတာကို အများကြီး မစားနဲ့ဦး။ နောက်နေ့တွေအတွက် ချန်ထားဦးလေ။ ဟက်! နောက်ဆို ကိုယ်တို့အိမ်မှာ ပန်းသီးခြံပါ လုပ်ထားရတော့မယ့်ပုံပဲ"

သူ့ဘေးဝင်ထိုင်လိုက်ကာ အအေးဓာတ် လွန်‌နေလို့ အနွေးဓာတ် ပိုရအောင် ပေါင်ပေါင်လေးရဲ့ ခန္ဓာကိုယ်လေးကို ထွေးပွေ့လိုက်တော့ စားနေရင်းနဲ့ ဖျတ်ခနဲ လှည့်ကြည့်လာပြီး...

"ဘာလဲ! ငါ့ယောက်ျားက Pack ခေါင်းဆောင်တောင် ဖြစ်နေပြီကို။ အခု မင်းက ပန်းသီးလေး တစ်နေ့ ငါးလုံးလောက် ဝယ်ကျွေးနေရတာကို ငြိုငြင်နေတာလား"

"ဟမ်! ကိုယ်...ကိုယ်ပြောတာက..."

"ငမည်းကောင်! ငမွဲကောင်! ငါ ပန်းသီးချည်းပဲ အမြဲမစားပါဘူးကွ။ ပန်းသီးမရှိလည်း တခြားအစား‌အသောက်တွေ စားတယ်"

"ဟဲဟဲ! သိပါတယ်။ ကိုယ်က စတာကို"

ဧည့်ခန်းထဲ၌ နှစ်ဆယ့်လေးနာရီမှာ နှစ်ဆယ့်ငါးနာရီလောက် စိတ်ကောက်ချင်နေတဲ့ ရှောင်းရှောင်းကို ချော့နေတုန်း အပေါ်ထပ်ကနေဆင်းလာတဲ့ကောက ကျွန်တော်တို့ဖက်ကို လှမ်းကြည့်လာကာ...

Destiny drew us Together [Completed] Where stories live. Discover now