"ဝိုး Xiaozhan ကြည့်ပါဦး အခန်းလေးက ချစ်စရာလေး"
"ဝါး Xiaozhan! Mate တွေအတွက် ပြင်ပေးထားတာက တကယ် မတူဘူးပဲ။ ငါတို့ တစ်ယောက်ခန်းတွေထက် အများကြီး ပိုကျယ်တယ်နော်"
"ဝိုး Xiaozhan Xiaozhan မီးဖိုချောင်တောင် ပါသေးတယ်။ မိုက်လိုက်တာ!!!"
"အားးး Xiao zhan ရေ!!! ကုတင်ကတစ်လုံးတည်းဟ ဟားဟား ဟားဟားဟား"
ဖြောင်း!
"အား! ဘာလို့ ခေါင်းကိုလာရိုက်တာလဲ"
"အခုမှ နှစ်ယောက်အိပ်ကုတင်ကို တွေ့ဖူးတဲ့ အရူးမို့ ထူးဆန်းလို့ ရိုက်တာ ဘာဖြစ်လဲ"
ဒီနေ့က ဒီတစ်ခေါက် mating season မှာ mate ရှာတွေ့ထားပြီဖြစ်တဲ့ သမန်းဝံပုလွေတွေအားလုံး အရင်နေနေကျ တစ်ယောက်ခန်းတွေကနေ Mate အထပ်သို့ အခန်းပြောင်းနေရတော့မှာမို့ ပစ္စည်းတွေ ရွှေ့နေကြရပြီ။ Yu Chen ကလည်း ကျွန်တော့်ကို အထုပ်တွေ ဝိုင်းသိမ်းပေးပြီး အခန်းကိုပါ လိုက်ပြင်ဆင်ပေးနေတာမို့ မသိရင် ညားခါစ လင်မယားကို သူငယ်ချင်းတွေက လာကူညီနေသလိုလို ဘာလိုလိုနဲ့မို့ Xiaozhan တစ်ယောက် တွေးမိတာနဲ့တင် မျက်နှာက နွေးခနဲဖြစ်နေရတဲ့အထဲ တဝိုးဝိုး တဝါးဝါးနဲ့ အရမ်းတွေ စိတ်လှုပ်ရှားနေတဲ့ Yu Chen ကြောင့် မျက်နှာကြီးကို ဘယ်နားသွားဖွက်ထားရမလဲတောင် မသိတော့။
// Mate ရှာတွေ့တာ သူလား ငါလားတောင် မသိတော့ဘူး //
Yu Chen နဲ့ ကျွန်တော်က ဒီနေ့ထိ ဆေးရုံနားရက်ရသေးတာကြောင့် အဲ့ကောင် မစားရဝခမန်း အတင်းကို ပြင်ဆင်ပေးနေသည်။ ဘာကိုမှ စိတ်မရှည်တဲ့ကောင်က ဒါမျိုးကျ စိတ်ရှည်ချက်ဆိုတာ သူ့အခန်းကို ပြင်နေရတယ်များ စိတ်ကူးယဉ်နေလားပင်မသိ။
ဘယ်လိုကံကြမ္မာကြောင့် တွေ့တိုင်းသတ်နေရတဲ့သူနှစ်ယောက်ကိုမှ ဆုံစည်းပေးလိုက်လဲ မသိတော့ပေမယ့် အခုအခြေအနေကို တကယ်အသားမကျသေးတာတော့ အမှန်ပင်။ အခန်းက တော်တော်လေးကျယ်ပေမယ့် ကုတင်က တစ်လုံးထဲရှိတာမို့ ညကျရင် ဘယ်လိုအိပ်ရပါ့မလဲ။
"အဲ့တော့ ဒီညက အဟမ်း အား! မရိုက်စမ်းပါနဲ့ဆို ပါးစပ်နဲ့ပြော!!!"
YOU ARE READING
Destiny drew us Together [Completed]
FanfictionThis is a love story of Werewolf police and Werewolf doctor. . .❤️ Wang Yibo & Xiaozhan (YiZhan fanfiction) Extras are the side story of Jackson and his beauty. ...