Chapter 55 (Final)

10.8K 1K 311
                                    

နောက်ဆုံးတော့ မနက်ဖြန်ဆိုရင် ကျွန်တော်တို့သုံးယောက်တူတူလုပ်ချင်ခဲ့ဖူးတဲ့ မင်္ဂလာပွဲကြီး ရောက်လာခဲ့ပြီ။

အခုဆို ရှန်ဟိုင်းဆောင်းက ပြန်အေးစပြုလာပြီမို့ Lian ကတော့ ကုတင်ပေါ်မှာ စောင်ခြုံထားပြီး မနက်ဖြန်အတွက် အားပြည့်‌နေအောင် အနားယူဖို့ လုပ်နေသော်ငြား Yu Chen က ကုတင်ပေါ်က ဝုန်းဆို ဆင်းသွားလိုက် ပြတင်းပေါက်နားသွားရပ်လိုက် လှစ်ခနဲ စောင်အောက်ထဲ ပြန်ပြေးဝင်လာလိုက်လုပ်နေတာကြောင့် Lian ခမျာ သူ့ကလေးလေး မင်္ဂလာဆောင်ခါနီးမှ စိတ်ဖောက်ပြန်သွားတာလားလို့တောင် တွေးမိတာမို့ Yu Chen ကို လက်ကလှမ်းဆွဲထားလိုက်ပြီး ပေါင်ပေါ်ပွေ့တင်ထားလိုက်ရတော့သည်။

"ကိုယ့်ကလေးလေး ဘာလို့ ဂနာမငြိမ်ဖြစ်နေတာလဲ။ ငြိမ်ငြိမ်လာအိပ်တော့လေ။ မနက်ကျရင် အစောကြီးထရမှာကို"

ထိုရွစကီးလေးက ကျွန်တော့်လည်ပင်းကို သိုင်းဖက်လာပြီး ခုမှပဲ ခိုလှုံရာရင်ခွင် ရှာတွေ့သွားတဲ့ ကြောင်လေးလို အတင်းတိုးဝှေ့ပွတ်သပ်နေတာမို့ ဆံစလေးတွေက်ို ငုံ့နမ်းလိုက်ပြီး သူ့ခြေထောက်လေးတွေကိုပါ စောင်ခြုံအောက်ထဲ ထည့်ပေးထားလိုက်ရတော့သည်။ 

"တကယ်တော့ ကျွန်တော် မနက်ဖြန်အတွက် ရင်ခုန်‌နေတာ။ အဲ့ဒါမို့ ငြိမ်ငြိမ်နေလို့ မရဘူးဖြစ်နေတယ်"

"အောဟော! တကယ့်ကလေးပဲ။ ဘာမှမဖြစ်နဲ့နော်။ မနက်ဖြန်မှာ ကိုယ်ရော မင်းသူငယ်ချင်းရော ရှိမှာပဲလေ။ ကိုယ်ဖြင့် ဒီလိုမျိုး ညီအစ်ကိုနှစ်ယောက်လုံး တစ်ပွဲတည်းလုပ်ရမယ်လို့ အိပ်မက်တောင် မမက်ဖူးဘူး"

Yu Chen က ကျွန်တော့်ကို မော့ကြည့်လာကာ နှုတ်ခမ်းကို ဖျတ်ခနဲ လှမ်းနမ်းလာပြီးမှ...

"ကျွန်တော်တို့ဆန္ဒကို လိုက်လုပ်ပေးခဲ့တဲ့ ကောကိုရော Yibo ကိုရော တကယ်ကျေးဇူးတင်နေမိတာ။ ကျွန်တော်လေ ကောကိုချစ်ခဲ့ရတာ တကယ်နောင်တမရခဲ့ဘူး။ အစက ဒီစီနီယာက ငါနဲ့ အဆင်ပြေပါ့မလား သင့်တော်ပါ့မလား တစ်ဘဝလုံး လက်တွဲသွားလို့ ရပါ့မလား တွေးခဲ့မိပေမယ့် ခုတော့ အဆင်ပြေတာထက်ကို ပိုနေခဲ့တာ။ ကောက်ို ချစ်တယ်။ အခုလို ကောကိုချစ်တဲ့ အကြောင်းတွေ နေ့တိုင်းပြောခွင့်ရနေလို့ ကျေးဇူးတင်တယ်"

Destiny drew us Together [Completed] Donde viven las historias. Descúbrelo ahora