Chapter 24

9.2K 1.2K 432
                                    

မင်္ဂလာရှိသောအချိန်၊ ကံကောင်းခြင်းတွေ သယ်ဆောင်လာတဲ့အချိန်၊ ချစ်ခင်သူတွေနဲ့ ပျော်ရွှင်ဖို့ကောင်းတဲ့ တရုတ်နှစ်သစ်ကူးချိန်ခါကတော့ ကမ္ဘာတစ်ဝှမ်းလုံး အရောင်အသွေးအစုံဆုံးနဲ့ အပျော်ရွှင်ရဆုံးပွဲတော်တွေ၊ အခမ်းအနားတွေထဲက တစ်ခုဖြစ်ပေသည်။ တရုတ်နိုင်ငံရဲ့ မြို့ကြီးတွေမှာဆိုရင်လည်း ပွဲလမ်းသဘင်အနေနဲ့ နာမည်ကျော်နဂါးအက၊ ရိုးရာခြင်္သေ့အကနဲ့ ခမ်းနားလှပတဲ့ ဖျော်ဖြေမှုများစွာဟာလည်း မရိုးနိုင်တဲ့ တရုတ်နွေဦးပွဲတော်ရဲ့ ရိုးရာဓလေ့တွေပေါ့။

ရှန်ဟိုင်းမှ အရှေ့ပိုင်းအုပ်စု တည်ရှိရာ ရွာလေးမှာလည်း ပုံမှန်ဆိုရင် Mating Season အပြီး၌ သမန်းဝံပုလွေအားလုံး မိသားစုတွေ စုံစုံညီညီနဲ့  နှစ်ကူးညစာစားဝိုင်း လုပ်ကြရုံမကဘဲ နှစ်ဆန်း တစ်ရက်နေ့တွင် မနက်စောစောထကာ ဘုရားကျောင်းသွား ဝတ်ပြုကြပြီး အိမ်မှာပဲ မိသားစုတွေနဲ့ အချိန်ကုန်ဆုံးကြသူများလည်း ရှိသလို အဝတ်သစ်တွေ ဝတ်ဆင်ကာ လှည့်လည်သွားလာ လည်ပတ်ဖို့ အကြီးအကဲများက ကားများစီစဉ်ပေးကာ နှစ်သစ်ကူးပွဲတော်ကို ခြိမ့်ခြိမ့်သဲ ကျင်းပနေကြဖြစ်သော်လည်း ဒီနှစ်မှာတော့ မနေ့ညက တောမီးလောင်မှုကြောင့် မည်သူမျှ မလျှောက်လည်နိုင်ကြတော့ပေ။

သို့ပေမယ့် တစ်ရွာလုံးမှာ ရောင်စုံမီးတန်းတွေ၊ အရမ်းလှတဲ့ မီးရှူးမီးပန်းတွေ၊ မီးပုံးနီနီလေးတွေ၊ အရသာအရမ်းကောင်းတဲ့ တရုတ်ရိုးရာမုန့်တွေနဲ့ နှစ်သစ်ကူးပွဲကို အတတ်နိုင်ဆုံး ကြိုဆိုနေကြလေသည်။ လူကြီးများကလည်း ကလေးငယ်တွေကို ကျန်းမာချမ်းသာစေဖို့ ရည်ညွှန်းပြီး ငွေကြေးတွေထည့်ထားတဲ့ အနီရောင် စာအိတ်တွေလည်း ပေးနေကြပြီး နှစ်သစ်ကူးရက်အတွက် ဆုမွန်ကောင်းတောင်းပေးကြသည်။ ကလေးတွေကတော့ ဗျောက်အိုးသံ တဒိုင်းဒိုင်းနဲ့ အဆက်မပြတ် ဆူညံနေကာ လူစုံတက်စုံ ဆော့ကစားရလို့ ပျော်ရွှင်နေကြပေသည်။

ထိုကဲ့သို့ ပျော်ရွှင်စိတ်လှုပ်ရှားစရာ လေထုကြားထဲတွင် ကိန္ဒရီကိန္ဒရာ ချောင်းခြားသလို ခံစားနေရသည့် ဝံပုလွေလေးနှစ်ကောင် ရှိနေသည်။

Destiny drew us Together [Completed] Where stories live. Discover now